Chp :: 51

3.6K 395 21
                                    

[Unicode]

ကျင့်ကြံရေးကြင်ဖော်နှစ်ဦးကြား အပြန်အလှန် ကတိသစ္စာပြုခြင်းမှာ နှစ်ဦးနှစ်ဖက်လုံး ပါဝင်တယ်။ တစ်ဖက်လူက ကတိသစ္စာ ‌ဆိုလာတဲ့အခါ ကုရန်တစ်ယောက် သူ့လက်တွဲဖော်ရဲ့ ခံစားချက်တွေကို ချက်ချင်း ရရှိလိုက်တယ်။

သူ ဘယ်လိုရည်ညွှန်းပြရမလဲ...

မင်းက တအား ရက်စက်ကြမ်းကြုပ်ပြီး အကြင်နာမဲ့တဲ့ သားရဲတစ်ကောင်ကို တွေ့မယ်၊ သူက မင်းအရှေ့မှာဆို သဘာဝအလျောက် သူ့လက်သည်းတွေကို သေချာလေး သိမ်းဝှက်ထားမယ်၊ မင်းဆီ လိမ်လိမ်မာမာနဲ့ တိုးဝှေ့ပူးကပ်လာမယ်၊ မင်း လိုချင်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးမယ်၊ ပြီးတော့ သူ့နှလုံးသားကိုတောင် မင်းဆီ တစ်ချက်လေးတောင် မတုန့်‌ဆိုင်းဘဲ အပ်နှင်းလိမ့်မယ်။

အခုမှ ရပ်လည်း အရမ်း နောက်ကျလွန်းသွားပြီ။ ကုရန် ဒါကို နားလည်သွားချိန် သူ့ရှေ့က လူငယ်လေးက ကတိသစ္စာ ဆိုလို့တောင် ပြီးသွားပြီ။

နှလုံးသားထဲ တစ်ချက်လောက် ဖောက်လွဲဖောက်ပြန် ဖြစ်တာနဲ့ သူ့ဝိညာဉ် ဖျက်ဆီးခံရပါစေတဲ့။ ကျင့်ကြံရေးလောကတစ်ခုလုံး ပတ်ရှာရင်တောင် သူ့ကိုယ်သူ ပြန်လမ်းမရှိတဲ့ လမ်းထဲ တိုးဝင်တဲ့ ဒုတိယမြောက်လူဆိုတာ မရှိနိုင်။

"မဟုတ်ရင်လည်း ဒီတပည့်က သလင်းကျောက်အမြုတေကို လိုလိုလားလား တူးထုတ်ပြီး ပေး..." သူ့နှုတ်ခမ်းပေါ်က အေးမြမြ အထိအတွေ့ကို ခံစားမိလိုက်‌တော့ ချောမောလွန်းတဲ့ လူငယ်လေး ချက်ချင်း တန့်သွားတယ်။ သူ့ခပ်နက်နက် မျက်ဝန်းတစ်စုံက ကျင့်ကြံသူလေးကို ပိုင်ဆိုင်လိုစိတ်အပြည့်နဲ့ နာနာခံခံ စိုက်ကြည့်နေ‌လေရဲ့။

ခုနက စကားအတိုင်း တကယ် လုပ်ပြတော့မယ့် သူ့တပည့်လေးကို တားနိုင်လိုက်တဲ့ ကုရန်တစ်‌ယောက် ကတိသစ္စာကို ထပ်တူလိုက်ရွတ်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တယ်။

သူ့ရှေ့က လူက သူ ဘာပြောပြော အကုန်လိုက်လုပ်ပေးမယ့် လူစားမျိုး၊ အထူးသဖြင့် သူနဲ့ ပတ်သက်လာရင်ပေါ့။

သူ့ကိုယ်ပိုင် သလင်းကျောက်အမြုတေကိုပါ တူးထုတ်ဖို့ထိ ဆန္ဒရှိပါတယ်လို့ ပြောနေတဲ့ ဒီထောင်းထျဲ့သားရဲကြီးကို ကုရန်တစ်ယောက် သူ့မူရင်းအသွင်ကို ကူကယ်ရာမဲ့စွာ ပြန်ပြောင်းခိုင်းပြီး အမွေးတွေကို ပွတ်သပ်ပေးလိုက်တယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now