Chp :: 7

6.8K 1.2K 29
                                    

[Unicode]

   ဆရာဝန်ရဲ့တောင်းဆိုချက်ကြောင့် Eli သူ့ရဲ့လူသားအသွင်နဲ့ပဲ ဆက်နေခဲ့တယ်။ ဒါက ကုရန် သူ့ကို ကုသစေချင်လို့ သူ လိုက်လျောပူးပေါင်းပေးတာပဲ ဖြစ်တယ်။

    "ပြဿနာအများကြီး ရှိပုံမရပါဘူး။ လဝက်လောက်ဆို လုံးလုံးပြန်ကောင်းသွားလိမ့်မယ်။ " ကြယ်တာရာဂိတ်တံခါးကနေ အပြေးနှင်လာခဲ့တဲ့ ဆရာဝန်က နောက်ဆုံးကျန်းမာရေးစစ်ဆေးချက် မှတ်တမ်းကို ကြည့်နေခဲ့တယ်။ သူ(မ)ရဲ့ မျက်နှာလှလှလေးကလည်း ဟေးဒီစ်ကြီးလို အေးစက်စက် ကျောက်တုံးမျက်နှာအတိုင်းပင်။

   နေ့တိုင်း ကျန်းမာရေးစစ်ဆေးနေခဲ့တာ ရက်တော်တော်ကြာသွားခဲ့ပြီ။ ဒီနေ့ စစ်ဆေးမှုပြီးတော့ အရွယ်ရောက်ဟေးဒီစ်ကြီးက မထုံတတ်သေးမျက်နှာနဲ့ အမူအရာမဲ့မျက်နှာမှာ ပြောင်းလဲမှုမရှိသေးပေ။

   တကယ်တော့ သူ တစ်ချို့အရာတွေကို စတင်မှတ်မိနေပြီ။ အနည်းဆုံးတော့ သူ့ရှေ့ကလူနှစ်ယောက်နဲ့ သူတို့ရဲ့ရာထူးတွေကို မှတ်မိသွားပြီ။

   ဒီလို မှတ်ဉာဏ်အပိုင်းအစလေးတွေက လက်ရှိမှာတော့ အစုံလိုက်မဖြစ်သေးပေ။ မပီမသမှတ်ဉာဏ်တွေက ‌ကျေနပ်စရာမကောင်းသည့်တိုင် အရွယ်ရောက်ဟေးဒီစ်ကြီးက ဒီကိစ္စကို အရေးသိပ်မထားပေ။

   သူ ကြံ့ကြံ့ခံရတာကို အတော်လေးအသားကျနေပြီ။

   "တတိယမင်းသားက commanderဆီ မကြာမီ လာလည်ပါ့မယ်လို့ မှာကြားလိုက်တယ်။ နောက်ပိုင်းကျရင် commanderက အခုအခြေအနေကို ထိန်းထားနိုင်ရင် အဆင်ပြေလောက်မှာပါ။" Evan ဆရာဝန်ကို ခေါင်းညိတ်ပြပြီး သူ့အထက်လူကြီးကို အကြံပြုတော့တယ်။

   သူတို့ရဲ့ commanderကြီးက ဘာအလုပ်မှ မလုပ်နိုင်သေးဘဲ ခွင့်ဆက်လက်ယူထားရဆဲပင်။ commanderကြီး ပျောက်သွားတုန်းကလည်း သူ တစ်ကြိမ်ခွင့်ယူပြီးသွားပြီ။ နှစ်ပေါင်းများစွာ ‌ခွင့်တစ်ခါလေးတောင် မယူဖူးတဲ့လူတစ်ယောက်က ဆက်တိုက်ခွင့်ယူနေရင် တစ်ချို့လူတွေကို မလွဲဧကန် ဂနာမငြိမ်ဖြစ်နေမှာပဲ။

  "ဟိုင်း.....အတိတ်မေ့သွားတာတောင် ချစ်စရာကောင်းမလာသေးဘူး။" ချောမောခံ့ညားပြီး အေးစက်စက် ဟေးဒီစ်ကြီးကို ကြည့်ပြီး အတော်လေးငယ်ရွယ်ပုံရတဲ့ အမျိုးသမီးဆရာဝန်က နောင်တရနေသလို ပြောနေလေတယ်။ သူ(မ)လည်း သူ(မ)ရဲ့တူအရင်းလေးကို အလိုလိုက်ပေးချင်တာပေါ့။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now