Chp :: 10

6.4K 1.2K 14
                                    

[Unicode]  

ဘာကြောင့်မှန်း မသိပေမဲ့ ကုရန်တစ်ယောက်  အရွယ်ရောက် ဟေးဒီစ်ကြီးဆီမှ မျှော်လင့်ချက် ရေးရေးလေးကို ခံစားနေရတယ်။ ကြောင်ကြီးဆီမှ ဒီလိုလေးကြည့်ခံနေရတဲ့ ခံစားချက်က ကုရန်တစ်ယောက် သတိလက်လွှတ် လက်ခံလိုက်မိတယ်, သူ့ဦးနှောက်က အရာအားလုံးကိုတောင် လက်ခံနိုင်နေတယ်။

   ကြောင်ချစ်သူ ကုရန်က ဒီအရွယ်ရောက်‌ ဟေးဒီစ်ကြီးရဲ့ တောင်းဆိုချက်တွေကို ငြင်းဆန်နိုင်လေ့မရှိပေ, အဲ့ကြောင်ကြီး သူ့ကို ချစ်စရာကောင်းအောင် ပြုမူပြနေရင် ပိုဆိုးပဲ။

   စစ်ဌာနချုပ်က အထပ်၂၀အဆောက်အအုံ ဖြစ်ပြီး အပြင်ပန်းကတော့ သာမန်အဆောက်အအုံနဲ့ သိပ်မကွာပေ။ တကယ်တော့ လျှပ်တပြက် တိုက်ခိုက်မှုတွေကို ခုခံကာကွယ်နိုင်ဖို့ အထူးပစ္စည်းများနဲ့ ဆောက်လုပ်ထားတယ်။ ထောင့်တစ်ခုစီတိုင်းမှာ ဒီနေရာမှာ အင်ပါယာရဲ့ အဆင့်မြင့်ဆုံး အသေးစိတ် ကာကွယ်ရေး စက်ကိရိယာများကိုလည်း တပ်ဆင်ထားသေးတယ်။

   ၁၁ ထပ်မှာ ခုနစ်ကြိမ်မြောက်တပ်စုကြီးရဲ့ တရားစီရင်ခန်းဖြစ်တယ်။ မူလက ထိုအထပ်က ဟေးဒီစ်အားလုံး သူတို့အလုပ်ကို ကြိုးကြိုးစားစား လုပ်ဆောင်ကြတယ်။ သူတို့ရဲ့ commanderကြီးက လူသားတစ်ယောက်ကို ခေါ်လာပြီး သူ့ကိုယ်ပိုင်ရုံးခန်းကိုတောင် ခေါ်သွားတာကို မြင်လိုက်ကြတော့ သူတို့တွေ တစ်ယောက် မျက်နှာတစ်ယောက် လှည့်ကြည့်မိတယ်။

   သူတို့ commanderကြီးရဲ့ ခေါင်းကိုကိုင်, နားရွက်ကို ကစား, ခြေမကို ဆွဲဆိတ်တဲ့ ကောင်ငယ်လေး အသက်ရှင်နေသေးတယ်!

  "ဆရာ, ဆရာပြောတော့ commander မှတ်ဉာဏ်ပြန်ရသွားပြီဆို....?"

  Evanက ရွှေကိုင်းမျက်မှန်ကို ပင့်တင်ရင်း အကြည့်လွှဲကာ "ငါ့ လာမမေးနဲ့"

  သူပြောခဲ့တာ ခုနစ်ထပ်မြောက်မှာ ပြတိုက်ရှိတယ်လို့လေ။ ဒါပေမဲ့ commanderကြီးက ဆံနက်ကောင်လေးကို သူ့ကိုယ်ပိုင်ရုံးခန်းထဲ ခေါ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။

   ၁၁ ထပ်က ရုံးခန်းမှာ အထူးခန်းဖြစ်တယ်။ သူတို့ commanderကြီး ပိုင်ဆိုင်တာ ဖြစ်ပြီး အလုပ်လုပ်နေတုန်း လာရှုပ်ရင် မကြိုက်တာကို လူတိုင်း သိတယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now