Chp :: 20

4.8K 1K 19
                                    

[Unicode]

   ရန်သူ စစ်သင်္ဘောကြီးက အလျင်အမြန် အကာအကွယ်ဒိုင်း ချလိုက်ပေမဲ့ သူတို့ရဲ့ အကာအကွယ်ဒိုင်းက အပြည့်အဝ မကာကွယ်ပေးနိုင်ဘဲ ဆက်တိုက် တိုက်ခိုက်ခံနေရဆဲပင်။

   စက္ကန့်ပိုင်းအတွင်း ပျက်စီးနစ်မြှုပ်သွားသော စစ်သင်္ဘောကြီးမှာ နောက်ဆုံးအချိန်ထိ သူတို့ ဘာကြောင့်များ နစ်မြှုပ်ပျက်စီးသွားရမှန်း သဘောတောင် မပေါက်လိုက်ကြပေ။ သူတို့တွေ အလွန်အကျွံ မြည်လာတဲ့ ပျက်စီးမှု သတိပေးချက်တွေကို ကြားရုံရှိသေး သူတို့ရဲ့ စစ်သင်္ဘောကြီးမှာ အပြင်းအထန် ပျက်စီးကာ ထိန်းချုပ်မှု ကင်းမဲ့သွားတော့တယ်။

  ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေတဲ့ အရာခံဗိုလ်မှာ အံ့အားသင့် တုန်လှုပ်သွားရတော့တယ်။ ဒီလူက စစ်သင်္ဘော ဌာနကြီးရဲ့ master အဆင့် မောင်းနှင်သူများလား?

   တစ်ဖက်လူက သေချာပေါက် ရန်သူ့ကင်းထောက်သင်္ဘောကို မောင်းနှင်နေတာဆိုပေမဲ့ သူတို့ကို ကယ်တင်ပေးခဲ့တယ်။ အချိန်တစ်ခုကြာ သူ တိုက်ခိုက်သင့်မသင့်ဆိုတာ သူ မသိတော့ပေ။ ထိန်းချုပ်ရေး ခလုတ်တွေပေါ်မှာ နေရာချထားတဲ့ အရာခံဗိုလ်ရဲ့ လက်တွေတောင် အေးခဲတောင့်တင်းနေလေတယ်။

   ရလဒ်အနေနဲ့ စည်းဝိုင်းအစွန်းပေါ်က စစ်သင်္ဘောနှစ်စင်း အချင်းချင်း မျက်နှာချင်းဆိုင် ထိပ်တိုက် တွေ့နေကြတယ်။ သူတို့နှစ်စင်းကြား လှုပ်ရှားမှုလည်း မရှိသလို ခပ်စိမ်းစိမ်း ခပ်ခွာခွာ အနေအထားနဲ့ စက္ကန့်အတော် ကြာသွားတယ်။

   " 00 ရေ၊ ငါ့ကို အဲ့စစ်သင်္ဘောနဲ့ ဆက်သွယ်ပေးလို့ရမလား? "

  ရန်သူ့စစ်သင်္ဘောတွေနဲ့ ဆက်သွယ်ရေးစနစ် တူပုံမရပေ။ ဒါကြောင့် ကုရန် သူ့ systemလေးရဲ့  အနက်ရောင် နည်းပညာ ( hacking )ပေါ်  အထူး မှီခိုရတော့တယ်။

   ပြင်းထန်တဲ့ စစ်ပွဲကတော့ ဆက်လက် ဖြစ်ပေါ်နေဆဲပင်။ ဟေးဒီစ်ကြီးဖက်က စစ်သင်္ဘောများရဲ့ မှားယွင်း တိုက်ခိုက်ခံရခြင်းမှ ရှောင်တိမ်းနိုင်ဖို့ရာ ဆက်သွယ်ရေးစနစ်ထဲ ဝင်ပြီး အရင် ဘေးကင်းအောင် လုပ်ဖို့ အရေးကြီးတယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now