Chp :: 26

4K 818 25
                                    

[Unicode]

ဟေးဒီစ်မျိုးနွယ်ရဲ့ သင်ယူနိုင်စွမ်းက ‌ကဏ္ဍတိုင်းမှာ အရမ်း ထူးချွန်ပြောင်မြောက်လွန်းတယ်။

ကုရန်တစ်ယောက် ဇာတ်ကားပြီးတာနဲ့ ရုပ်ရှင်ရုံထဲမှ မျက်နှာသေနဲ့ ပြန်ထွက်လာခဲ့တယ်။ သူ အခုထိ ဒီဇာတ်ကားရဲ့ ဇာတ်ကြောင်းကို အပြည့်အဝ နားမလည်နိုင်သေးပေ။

ကောင်လေးရဲ့ပေါင်ပေါ်က ကြောင်ကြီးအသွင် ဟေးဒီစ်ကြီးကလည်း ကောင်လေးရဲ့ ရင်ခွင်ထဲ ခေါင်းလေးမှီထားပြီး အတော်လေး တိတ်ဆိတ်ငြိမ်သက်နေလေရဲ့။ ဒါပေမဲ့ အိမ်ပြန်လမ်းတစ်လျှောက်လုံး ဒေါင်လိုက်မျက်ဝန်းအိမ်တစ်စုံက အနည်းငယ် ကျဉ်းမြောင်းနေတော့တယ်။

ညနေရောက်တော့ ကောင်လေး ရေချိုးခန်းထဲမှ ထွက်လာပြီး ဆိုဖာပေါ် ထိုင်နေကာ remote ကို နှိပ်လိုက်တယ်။ ထိုအချိန်မှာပဲ ကြောင်ကြီးအသွင် ဟေးဒီစ်ကြီးက သူ့ပေါင်ပေါ် ခုန်တက်လာပြီး မကြာခင်မှာပဲ ကောင်လေးရဲ့ ညင်သာသော အထိအတွေ့က ကြောင်ကြီးရဲ့ကျောပေါ် ကျရောက်လာတော့တယ်။

သာမန်နေ့တွေမှာ ဒီအချိန်မှာ ဟေးဒီစ်ကြီးက ကောင်လေးနဲ့အတူ ဒရာမာဇာတ်ကား ကြည့်ရမယ့်အချိန်ပဲ ......

ဒါပေမဲ့ ဒီနေ့က ကျိန်းသေပေါက် သာမန်နေ့တွေထဲက တစ်ရက်မဟုတ်ခဲ့ပေ။

ကောင်လေးရဲ့ ပေါင်ပေါ်က အလေးချိန်က မူလကတော့ ငြိမ်ငြိမ်လေး လဲလျောင်းနေတာပါပဲ။ ဒါပေမဲ့ အချိန်တစ်ခုလည်း ကြာလာရော ကုရန်တစ်‌ယောက် သူ့ဘယ်လက်ကို အဆက်မပြတ် ထိနေတဲ့ နူးနူးညံ့ညံ့ အရာလေးကို တဖြည်းဖြည်း ခံစားမိလာတယ်။

ဒီခံစားချက်......

ကုရန် ခေါင်းငုံ့မကြည့်ပဲနဲ့တောင်, သူ့လက်ဖမိုးကို အဆက်မပြတ် ထိနေတဲ့ လက်ဖဝါးလေးကို လှမ်းဖမ်းလိုက်တယ်။ ထို့နောက် သူ ထိုနူးညံ့လွန်းတဲ့ လက်ဖဝါးအိအိလေးကို ဖွဖွလေး ဆွဲဆိတ်လိုက်တယ်။

အရမ်းနူးညံ့တာပဲ, သူ ဒီခံစားချက်ကို ထူးထူးခြားခြား သဘောကျနေမိတယ်။

နူးညံ့မှုကြောင့် စိတ်ပျံ့လွင့်နေကာ ကုရန်တစ်‌ယောက် သည်းမခံနိုင်တော့ဘဲ နည်းနည်းလောက်လေး ထပ်မံဆိတ်ဆွဲလိုက်ပြန်တယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now