Chp :: 12

5.9K 1.1K 25
                                    

[Unicode]

   စစ်ဌာနချုပ် -- ၁၁လွှာ

   လက်ထောက်ငယ်လေး အမျိုးမျိုးသော စာရွက်စာတမ်းများနဲ့ သတင်းအချက်အလက်တွေကို စီစစ်နေတုန်း နောက်ဆုံးစုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခဲ့တဲ့ စစ်သားလေး Jeanတစ်ယောက် မေးခွန်းထုတ်လာခဲ့တယ် "အရာရှိ ကျွန်တော်တို့ စစ်ပွဲအတွက် ပြင်ဆင်သင့်ပြီလား?"

   ဆံနက်ကောင်လေးရဲ့ ကိုယ်ရေးအကျဉ်းကို စုံစမ်းကြတုန်းက သူတို့တွေ ဂလက်စီအသစ်တစ်ခုကို ရှာတွေ့လိုက်ကြတယ်။ အဲ့ဂလက်စီကို စုံစမ်းကြည့်တော့ 'ကမ္ဘာမြေ'လို့ ခေါ်တဲ့ တိုးတက်မှု Class Dအဆင့် ဂြိုဟ်တစ်ခုပဲဖြစ်တယ်။

   ဟေးဒီစ်မျိုးနွယ်များရဲ့ မျက်လုံးထဲက အခြားအဆင့်မြင့်တဲ့ လူမှုတိုးတက်မှုတွေနဲ့ အဖွဲ့အစည်းမဲ့မှုက ထိုဂြိုဟ်က မှီခိုကင်းတယ်, ဒါပေမဲ့ အုပ်စိုးသူမရှိသေးဘူး။

   အုပ်စိုးသူမရှ်ိရင် အတင်းသိမ်းယူလို့ရတယ်။

   သူသာ ဆံနက်ကောင်လေးရဲ့ အဝတ်ပေါ်မှာ တင်ကျန်နေခဲ့တဲ့ ဆံပင်ကို ခြေရာခံစက်ထဲ မထည့်ခဲ့မိရင် ဒီဂြိုဟ်ကို ရှာတွေ့နိုင်မှာမဟုတ်ပေ, ဘာလို့ဆို ထိုဂြိုဟ်ဟာ သဘာဝမြူခိုးများနဲ့ ဖုံးအုပ်နေပေတယ်။

    ထိုမြူတွေက မြူအစစ်တွေတော့ မဟုတ်ပေ။ ဒါပေမဲ့ အမျိုးအမည် ခွဲခြားရခက်တဲ့ ထူးဆန်းမြူခိုးများပင်။ ထိုမြူများက ပိုင်နက်ထဲဝင်လာတဲ့ starshipတွေကို လမ်းပျောက်စေပြီး မမြင်မစမ်းနဲ့ ဆက်သွားရတယ်။

    ဒီဂလက်စီအသစ်ကို ရှာတွေ့လိုက်တာကပင် စစ်တပ်စွမ်းဆောင်မှုကောင်းတစ်ခုပင်။ သူတို့သာ ထိုကဲ့သို့ အုပ်စိုးသူမဲ့ပြီး သယံဇာတပေါများလွန်းတဲ့ ထိုဂြိုဟ်ကို သိမ်းပိုက်နိုင်ရင် အကျိုးကျေးဇူးများ‌လိမ့်မယ်။

   ဒါပေမဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် သူတို့တွေ ဂလက်စီအသစ် ရှာတွေ့ကြောင်း သတင်းကို ဖုံးထားဖို့ အမိန့်ပေးခံရတယ်။ ခုလည်း အချိန်အတော်ကြာတဲ့ထိ တိုက်ခိုက်မိန့်တစ်ခုမှ ပေးမလာသေးပေ။

   "..........." ဒါကို ကြားတော့ Evanတစ်ယောက် သူ့မျက်မှန်ကို အပေါ်ပင့်တင်လိုက်တယ်။ သူက ထိုအပြာဂြိုဟ်ရှိ လူသားမျိုးနွယ်ရဲ့ ကြိုက်နှစ်သက်တဲ့အရာတွေကို အခုလက်ရှိ စာရင်းပြုစုနေရတာကို သူ့ရှေ့ကလူကို ဘယ်လိုများ ပြောပြရမလဲ?

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now