Chp :: 23 [ Part 2 ]

4.6K 879 48
                                    

[Unicode]

ဖြူစင်တဲ့ အမေရိကန် ကြောင်ပုလေးတစ်ကောင်နဲ့ ဆင်တယ်။ ငွေရောင် အစင်းကျားနဲ့ ကြောင်ကြီးရဲ့ အမွေး အရောင်အဆင်းက အင်မတန်မှ လှပလွန်းတယ်။ ဒါပေမဲ့ ဒါကလည်း ပိုင်ရှင်ရဲ့ အသေးစိတ် ဂရုစိုက်ပေးမှုပေါ်မှာလည်း မူတည်သေးတယ်။

ဝန်ထမ်းဆီမှ menu ကဒ်ကို ယူကြည့်လိုက်တော့ မှာရိုးမှာစဉ်အတိုင်းပဲ တစ်ပုံစံတည်းဆိုတာ သိလိုက်ရတယ်။ ကုရန်တစ်ယောက် cappuccino တစ်‌ခွက်နဲ့ ချောကလက် ကိတ်တစ်ခုကို မြန်မြန် မှာလိုက်တယ်။

ထိုဝန်ထမ်း ထွက်သွားပြီး‌တဲ့နောက် ကုရန် ချောင်း အနည်းငယ်ဆိုးလိုက်တယ်။ ဒါပေမဲ့ သူ့နှုတ်ခမ်းထောင့်ကတော့ ကွေးညွှတ်နေခဲ့တယ်။ အပြုံးပွင့်သေးသေးလေးနဲ့ ကုရန် ခေါင်းငုံ့ပြီး ချီးမွမ်းစကားတစ်ချို့ တိုးတိုးလေး ပြောလိုက်တယ်။ "ချုံချုံက လိမ္မာလိုက်တာ။"

ရုတ်တရက်ကြီး သူနဲ့ အတော်လေး ဆင်တူတဲ့ သတ္တဝါ အကောင်နှစ်ဆယ်ကျော်ကို တစ်ပ်ြိုင်နက် မြင်တွေ့လိုက်ရတာကြောင့် ကောင်လေး ‌ပေါင်ပေါ်မှ ဟေးဒီစ်ကြီးခမျာ အချိန်မီ မတုန့်ပြန်နိုင်ဖြစ်သွားရတယ်။

ဟေးဒီစ်မျိုးနွယ်တွေရဲ့ မူရင်းအသွင်က ကွဲပြားတယ်။ သူ့ပေါင်‌ပေါ်က ကြောင်ကြီး ရှာချင်ရင်တောင် တစ်ပုံစံတည်း တူမယ့်‌ ကြောင်ပုံစံကို ရှာကြည့်ဖို့ဆိုတာ လုံးလုံးမလွယ်ကူပေ။

ထို့အပြင် ဟေးဒီစ်တွေက သူတို့တွေရဲ့ မူရင်းပုံသဏ္ဌာန်ကို မထုတ်ပြချင်တဲ့ အကျင့်စရိုက်လည်း ရှိသေးတယ်လေ။

ထိုကဖေးထဲက အခြားစားသုံးသူအားလုံးရဲ့ မျက်လုံးတွေထဲမှာ ရုပ်ရည်ကြည့်ကောင်းတဲ့ ဆံနက်ကောင်လေး တစ်ယောက်က လက်ရန်းနဲ့ နီးတဲ့ အပြင်ဖက်မှာ ထိုင်နေပြီး သူ့ပေါင်ပေါ်က ကြောင်ကြီးကို ခေါင်းလေးငုံ့ကာ တစ်ခုခု ပြောနေလေရဲ့။ အဲ့ဒီနောက် အဲ့ကောင်လေးပေါင်ပေါ်က ကြောင်ကြီးရဲ့ အမြီးကလည်း မှန်မှန် လှုပ်ယမ်းနေရာကနေ ပိုမို ပျော်ရွှင်ထက်သန်စွာ လှုပ်ယမ်းနေတော့တယ်။

ကြည့်ရတာ စိတ်ကျေနပ်သွားပုံပဲ။ ချော့မြှူရတာ အရမ်း လွယ်ကူမနေဘူးလား?

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now