Chp :: 30

4.8K 886 104
                                    

[Unicode]

တစ်လမပြည့်ခင် ရက်မှာပဲ စစ်တပ်က သူတို့ commander ကြီး ပြန်ရောက်လာတယ်လို့ သတင်းပို့လာတော့ Evan တစ်ယောက် အနည်းငယ် အံ့အားသင့်သွားရတယ်။

Evan မှတ်မိတာတော့ သူတို့ commander ကြီးက  သူ့ရဲ့ နောက်နှစ်ရမယ့် ခွင့်ရက်ကိုပါ ထည့်ပေါင်းကာ ခွင့်တစ်လယူသွားပြီး ဆံနက်ကောင်လေးနဲ့အတူတူ ကမ္ဘာဂြိုဟ်ကို သွားလည်ဖို့ လုပ်ခဲ့တာလေ.....

သူတို့ တကယ်ပဲ အစောကြီး ပြန်လာကြတာလား?

သူကိုယ်တိုင် commander ကြီးတို့အတွက် သင်္ဘောပြင်ဆင်ပေးခဲ့ရတာကြောင့် Evan က သင်္ဘောရဲ့ အချက်အလက်တွေကို အတည်ပြုပေးလိုက်တော့ အိုက်ဆာရဲ့ လုံခြုံရေးအဖွဲ့မှ စစ်ဆေးခြင်းလည်း မခံရတော့ပေ။

ဒါပေမဲ့ လက်ထောက်တစ်ယောက်အနေနဲ့ Evan က သူတို့ကို သွားကြိုရမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အလုပ်ကိစ္စတွေကို တင်ပြရမှာဖြစ်တယ်။

သင်္ဘောသက်ဆင်းလာတဲ့နေရာက ရင်းနှီးတဲ့ သီးသန့်စံအိမ်တော်ပဲ ဖြစ်တယ်။ စံအိမ်တော်ဆီ ဦးတည်ရင်း Evan တစ်ယောက် သင်္ဘောဆိုက်ရာ ကွင်းပြင်ကျယ်ကြီးဆီ သွားခဲ့တယ်။

အချိန်ကိုက်ပဲ သင်္ဘောသက်ဆင်းသွားပြီး တံခါးလည်း ပွင့်လာခဲ့တယ်။ နောက်ခဏမှာပဲ Evan တစ်ယောက် သင်္ဘောထဲမှ ထွက်လာတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်......

တစ်ယောက်တည်းလား?

သူ လွှတ်ခနဲ မေးမိတော့မယ့် စကားလုံးကို လည်ချောင်းထဲ ပြန်မျိုချရင်း လက်ထောက်လေးက သင်္ဘောကို နောက်တစ်ကြိမ် ထပ်ကြည့်ကာ အေးစက်ချောမောတဲ့ ငွေမျှင်ရောင် ဆံတိုပိုင်ရှင် commander ကြီးတစ်ယောက်တည်းဆိုတာကို အတည်ပြုလိုက်ရတော့တယ်။ ဆံနက်ကောင်လေး ဘေးမှာ ပါမလာဘူး။

" ကမ္ဘာဂြိုဟ်ဆီ ဦးတည်နေတဲ့ ကြယ်တာရာဂိတ်ကို စောင့်ကြပ်ဖို့ စစ်ကူတွေ လွှတ်လိုက်။ အနားကပ်လာတဲ့ ဘယ်သူမဆို ရန်သူ လို့သတ်မှတ်ပြီး သင့်တော်သလို စီရင်လိုက်။ "

" နားလည်ပါပြီ။ " Evan ထိုအေးခဲမည်းမှောင်နေတဲ့ မျက်ဝန်းများနဲ့ အကြည့်ချင်း ဆုံတဲ့အခါ ကောင်လေးအကြောင်းကိုတောင် မမေးရဲတော့ပေ။ ကျဉ်းမြောင်းထားတဲ့ မျက်ဝန်းအစုံမှာ အရင်တုန်းက နွေးထွေးမှုတွေ တစ်ခုမှ ဖမ်းမမိတော့ပေ။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now