Chp :: 22

5.4K 898 26
                                    

-------------------

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


-------------------

[Unicode ]

ဒီစစ်ပွဲကို ဖြစ်စေတဲ့ လက်သည်တရားခံတွေကို မဖမ်းဆီးနိုင်ခင် အသင်းရဲ့ ညီညွတ်မှု အတော်လေး လိုအပ်ပေတယ်။

Commander ကြီး မောင်းနှင်တဲ့ အနက်ရောင် စစ်သင်္ဘောက ရန်သူ့စစ်သင်္ဘောရဲ့ သုံးပုံတစ်ပုံနီးပါးကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့အပြင် နောက်ပိုင်းမှာ အရမ်းစွမ်းအားကြီးတဲ့ စစ်ကူသင်္ဘောတစ်စင်းလည်း ရောက်လာခဲ့သေးတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ သိပ်မပြင်းထန်ခဲ့ပေ။ ရန်သူတွေရဲ့ အကာအကွယ်တွေကို ချက်ချင်း လဲပြိုသွားစေခဲ့တယ်။ စစ်ပွဲပြီးသွားတော့ အဓိက စစ်သင်္ဘောကြီးရဲ့ ဧည့်ခန်းထဲမှာ အရာခံဗိုလ်တွေ အားလုံး တုန်လှုပ်ချောက်ချားမှုတွေ တည်ငြိမ်သွားတော့ ခေါင်းချင်းဆိုင် ဆွေးနွေးနေကြတယ်။

သို့ပေမဲ့လည်း တစ်ယောက်ယောက်က သူတို့ အစောပိုင်းက မြင်ခဲ့ရတဲ့ ကင်းထောက်သင်္ဘောအကြောင်း စကားစလိုက်တာနဲ့ သူတို့အားလုံး ချက်ချင်း ငြိမ်သက်သွားတော့တယ်။

ကင်းထောက်သင်္ဘောရဲ့ ရည်ရွယ်ချက်က ရန်သူတွေရဲ့ ‌အနေအထားတွေကို လေ့လာပြီး အဓိက စစ်သင်္ဘောကြီးဆီ သတင်းပြန်ပို့ရတယ်။ သို့ပေသိ‌တိုင် သူတို့ စောနတုန်းက တွေ့ခဲ့ရတဲ့ ကင်းထောက်သင်္ဘောကတော့ သူတို့အားလုံး နားလည် သဘောပေါက်ထားခဲ့တဲ့ အရာအားလုံးကို အလုံးစုံ ရှုပ်ထွေးအောင် လုပ်ပစ်လိုက်တယ်။

ကင်းထောက်သင်္ဘောတစ်စင်းက စစ်မြေပြင်အလယ်ဆီ မောင်းဝင်သွားပြီး အလတ်စား စစ်သင်္ဘောနဲ့ ရှေ့တန်းမှာ တိုက်ခိုက်နေတာကို မင်းတို့ မြင်ဖူးကြလား? သူတို့ကို ပိုပြီးတော့တောင် ဆွံ့အသွားစေမယ့် အမှန်တရားက ကင်းထောက်သင်္ဘောလေးက တကယ်ကြီး နိုင်သွားတယ်တဲ့လေ။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now