Chp :: 39

3.9K 681 9
                                    

[Unicode]

ကျန်းထန်တစ်ယောက် လူအသွင် ပြန်ပြောင်းပြီးတာနဲ့ ဝမ်းယွင်ကွင်းပြင်ဆီသွားကာ မနက်ခင်းလေ့ကျင့်ရေးဆင်းခြင်းကဲ့သို့သော သူ့ရဲ့နေ့စဉ်အလုပ်များကို ဆက်လက်လုပ်ဆောင်ပါတယ်။

အခု အချိန်ကျပြီ။

တကယ်တော့ ကျန်းထန် နိုးနေတာ အတော်ကြာပြီဖြစ်ပေမဲ့လည်း မလှုပ်မယှက်နဲ့ပဲ ထောင်းထျဲ့ပေါက်လေးရဲ့ မျက်လုံးဝိုင်းကြီးများက သူ့ဆရာသခင်ရဲ့ အိပ်စက်နေဆဲ မျက်နှာလေးကိုသာ ငေးကြည့်နေခဲ့တယ်။

သူ့ရဲ့ကိုယ်ပိုင်အခန်းက ဒီလူသားလေးရှိရာနဲ့ အရမ်းဝေးလွန်းလို့ သူ မပြန်ချင်ပါပေ။ အကောင်ပေါက်လေးက သူ့ကိုယ်သူ ဘယ်လိုအခွင့်‌အရေး ယူရမလဲဆိုတာ ကောင်းကောင်းသိတယ်, သူ့မူရင်းအသွင်ကိုပြောင်း , ဆရာသခင်ရဲ့ အိပ်ရာပေါ် ခုန်တက် , ပြီးရင် ဘောလုံးလေးလို ကွေးကွေးလေးနေလိုက်ရင် ဆရာသခင်က သူ့ကို ပြန်မလွှတ်ရက်တော့ဘူး‌ဆိုတာ သိနေတယ်လေ။

ဆရာသခင်ကတောင် သူ အိပ်နေတုန်း အေးနေမှာစိုးလို့တောင် ဖက်ထားပေးသေးတယ်။

ဆရာသခင်ကို မထိမိအောင် ဂရုစိုက်ပြီး သူ အိပ်ရာပေါ်မှ ဆင်းကာ လူအသွင်သို့ ပြန်ပြောင်းလဲပြီး အိပ်ရာဘေးမှာ တစ်ခဏလောက် ရပ်ကြည့်နေတယ်။

သူ့ဆရာသခင်က တရားထိုင်ပြီး ကျင့်ကြံရတာကို မကြိုက်ဘူး။ တစ်ခန်းတည်း တူတူနေတော့ ကျန်းထန်က ဒါကို လျင်လျင်မြန်မြန် နားလည်သွားတယ်။ ပြီးတော့ ဆရာသခင်ရဲ့ သတိကပ်မှုကလည်း အရမ်းကြီးမမြင့်ပေ , မဟုတ်ရင် သူ အသက်ရှုနှုန်း ပြောင်းပြီး အိပ်ရာက ထလိုက်တည်းက နိုးနေလောက်ပြီ။

သူ့အကြည့်တွေက ဆရာသခင်ရဲ့ မျက်နှာသွင်ပြင်မှာ ရစ်ဝဲနေခဲ့တယ် , အလွန်တရာ သိမ်မွေ့ပြီး သီးသန့်ဆန်မှု သေးသေးလေးတောင် မရှိတဲ့ ငြိမ်ငြိမ်သက်သက်လေး မှိတ်ထားသော မျက်လုံးနှစ်ဖက်။

နောက်ဆုံးမှာတော့ ကျန်းထန်ရဲ့အကြည့်တွေက ဆရာသခင်ရဲ့ ဖြူဖျော့ဖျော့ နှုတ်ခမ်းတစ်စုံပေါ်မှာ ရပ်နားသွားတယ်။ တစ်ခဏလောက် စိုက်ကြည့်မိတော့ သူ ကယောင်ကတမ်း ဖြစ်လာပြီး မမျှော်လင့်စွာနဲ့ပဲ သူ့လက်ကို ဆန့်ထုတ်ကာ ထိကြည့်လိုက်တယ်.......

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now