Chp :: 8

6.3K 1.2K 24
                                    

[Unicode]

    လဝက်ဆိုတဲ့အချိန်က တိုလည်းမတို ကြာလည်းမကြာပေ။ ဒီလဝက်အတွင်းမှာ ငွေဖြူရောင်ကြောင်ကြီးက ကုရန်နား တစ်နေ့လုံး ကပ်တွယ်နေပြီး ကုရန်ဘယ်သွားသွား ‌အနောက်က တစ်ချိန်လုံးလိုက်နေလေတယ်။ ကျန်းမာရေးစစ်ဆေးမှုပြုတဲ့အချိန်ပဲ သူ့နားကခွာတော့တယ်။

    နေ့တိုင်း တူတူရှိနေရတဲ့အတွက် ဟေးဒီစ်ကြီးရဲ့ မူမမှန်မှုတွေကိုလည်း ကုရန် အလွယ်တကူရိပ်မိလာခဲ့တယ်။ သူတွေးမိတယ်, ဒီဟေးဒီစ်ကြီး နည်းနည်လေးများ ထူးဆန်းမနေဘူးလား....?

    Eliကတော့ သူ့ကို နေ့တိုင်းပွတ်သီးပွတ်သပ်လုပ်တယ်, သူထိုင်နေရင် သူ့ပေါင်ပေါ် ပြေးတက်တယ်, သူတို့ ခြံဝင်းထဲ လမ်းလျှောက်ရင် သူ့ပခုံးပေါ်ကနေ လိုက်တယ်, အန်း...... သူတို့ ညနေဖက် လမ်းလျှောက်ကြရင် ဟေးဒီစ်ကြီးက သူ့ရဲ့လည်စည်းပဝါလေးလို လုပ်သေးတယ်, အခုလိုပေါ့။

   ဟေးဒီစ်အင်ပါယာရဲ့ မြို့တော်က ဆာရမ်ဂလက်စီက အိုက်‌ဆာမှာ တည်ရှိတယ်။ ‌ဒီဂြိုဟ်မှာလည်း ပုံမှန် လေးရာသီရှိတယ်, အခုကတော့ ဆောင်းဦးနှောင်းပိုင်းဖြစ်တယ်။ နေ့အချိန်မှာ အေးမြပေမဲ့ ညနေရောက်ရင် ပိုပိုအေးလာတယ်။

    ဒီစံအိမ်ထဲမှာ ကုရန်ရဲ့လှုပ်ရှားမှု လုပ်ငန်းစဉ်များကို အတော်လေးကန့်သတ်ထားတယ်။ သူ ခြံဝင်းထဲပဲ ဆင်းခွင့်ရှိတယ်။ သို့ပေမဲ့ အစတည်းက  ကုရန်က စာရေးရတာနှစ်သက်ပြီး သူ့ဘဝကလည်း သူ့ကြောင်လေးနဲ့ သူ့ဝတ္ထုတွေ ဒါလေးနဲ့ပဲ လည်ပတ်နေတာဖြစ်တယ်။ နေ့တိုင်း သူ့ကြောင်လေးကို လမ်းလျှောက်ဖို့ အချိန်မှန်မှန်ခေါ်သွားတတ်တယ်။ ဒါကြောင့် သူ့လွတ်လပ်မှုကို ပိတ်ပင်ခံရလည်း သူ့အတွက် အကျိုးသက်ရောက်မှု များများစားစားမရှိပေ။

    "00, ဇာတ်ကြောင်းက ငါရေးထားတဲ့ဝတ္ထုအတိုင်းပဲ တကယ်ဆက်သွားမှာလား?" ကုရန်မေးကြည့်လိုက်တယ်။ သူ့လက်ကိုမြှောက်ပြီး သူ့လည်တိုင်ကို ရစ်ပတ်ဖက်တွယ်ထားတဲ့ ဟေးဒီစ်ကြီးရဲ့ ခေါင်းကို ပွတ်ပေးလိုက်တယ်။ သူ့လက်ချောင်းတွေက ကြောင်ကြီးရဲ့နားရွက်လေးကို ခပ်ဖွဖွကစားနေပြီး systemအပြောကို နားစွင့်နေမိတယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now