Chp :: 24

4.7K 882 31
                                    

[Unicode]

အရာအားလုံးကို ထွင်းဖောက်မြင်နေရသလို အနည်းငယ် မှေးကျဉ်းနေတဲ့ မျက်ဝန်းများနဲ့ စေ့စေ့စပ်စပ် စူးစိုက်ကြည့်ခြင်း ခံရတဲ့အခါ ကုရန်တစ်ယောက် နောက်ဆုံးတော့ သူ ခုနလေးတင် ကတိပေးလိုက်မိတာရဲ့ အရိပ်အမြွက် နားလည်သွားပြီ။

' ကိုယ် ဖမ်းမိသွားရင် ကိုယ့်အပိုင်ဖြစ်ပြီပေါ့? '

သူ ခေါင်းညိတ်ပြလိုက်မိတယ်။

ကုရန် ညာလက်ထဲ ကိုင်ထားမိတဲ့ ကြောင်တုတ်ချောင်းလေးလည်း ကြမ်းပြင်ပေါ် သက်ဆင်းသွားပြီ, သူ့ရဲ့လည်စေ့ကို လျက်လိုက် ငုံစုပ်လိုက် လုပ်နေတာကြောင့် ကုရန်ရဲ့ အသက်ရှုနှုန်းတွေ မမှန်တော့ပေ။

ဒီတစ်ကြိမ်မှာတော့ ကောင်လေးကို သူ့အောက်မှာ ဖိထားရုံလောက်နဲ့ မကျေနပ်နိုင်တော့ပေ။ ကုရန်ရဲ့ အင်္ကျီကြယ်သီးများလည်း မစုံတော့ပေ, ကြည့်ရတာ ကုရန်ကို အဝတ်မဲ့အောင် တစ်ခုခု လုပ်နေစရာတောင် မလိုသလိုပဲ။

" အာ့ "

ကောင်လေးရဲ့ အင်္ကျီအောက်ထဲ လက်လျှိုဝင်လိုက်တဲ့အခါ ကောင်လေးက သူ့ရဲ့ လေးလံသိပ်သည်းတဲ့ အသက်ရှုသံတွေကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားရပုံပဲ.....

"ချုံချုံ အာ့..... " ကုရန် ပါးစပ်ဟလိုက်တဲ့အခါ ထွက်ကျလာတဲ့ ပင့်သက်ရှိုက်သံတွေကို ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်ပါတော့ချေ။ ကုရန် သူ့မျက်လုံးတွေကို ဖွင့်နိုင်ဖို့ ကြိုးစားနေသော်ငြား ဝေဝါးဝါးနဲ့သာ အဆုံးသတ်လိုက်ရတယ်။  

ကုရန်တစ်ယောက် သူ့အသံကို သူ ပြန်ကြားပြီး သူ့ပါးစပ်ကို အလျင်အမြန် အုပ်ပစ်လိုက်တာကြောင့် " လိမ္မာရမယ်လေ " ဆိုတဲ့ စကားသံလည်း အပြင်ထွက်မလာတော့ပေ။

" ကိုယ် အားရန်ကို ဖမ်းမိသွားပြီလေ "

ကောင်‌လေးရဲ့ နှုတ်ခမ်းတွေ တင်းတင်း‌စေ့ထားတာကို မြင်တော့ အေးစက်ချောမောတဲ့ ငွေမျှင်ရောင် ဆံတိုပိုင်ရှင် commander ကြီးက ကောင်လေးရဲ့ နှုတ်ခမ်းပါးပေါ်ကို ဆက်တိုက် အနမ်းမိုးရွာချနေပြီး လျှာဖျားနဲ့ ဖြည်းဖြည်းချင်း လျက်ပေးနေတယ်။ ကောင်လေး မငြင်းဆန်တာလည်း မြင်ရော ကောင်လေးရဲ့ မူလအံကြိတ်ထားတဲ့ သွားကို ဖွင့်စေကာ ခံတွင်းထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်လိုက်တယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now