Chp :: 29

3.7K 759 10
                                    

[Unicode]

နိုင်ငံရေးသမား လူငယ်က သူ့ကို မော့ကြည့်နေတဲ့ ကောင်လေးကို ပြုံးပြလိုက်တယ်။ သူ ရှင်းပြမှာ မဟုတ်ပေ။

" ဒီဂြိုဟ်က ခံတပ်ကောင်းတစ်ခု ရှ်ိတယ်။ " ထိုလူငယ်က ပြောရင်းနဲ့ သူ့ထိုင်ခုံပေါ်မှ ထကာ အခန်းတံခါးဆီ လျှောက်သွားခဲ့တယ်။ ထို့နောက် ကုရန်ဆီ နောက်ပြန်လှည့်ကာ ယဉ်ကျေးသိမ်မွေ့တဲ့ အပြုံးနဲ့ " ကိုယ် မင်းကို နောက်တစ်ခေါက် ပြန်လာကြည့်မယ်နော် "

ဒီအခန်းလွတ်ကြီးရဲ့ တံခါးအပြင်မှာ အစောင့်တွေ ‌စောင့်ကြပ်နေတာကို သတိပြုမိလိုက်ပြီး သင်္ဘောရဲ့ စောင့်ကြည့်ရေးစနစ်ကိုလည်း ကောင်းကောင်း ကြီးကြပ်ထားလောက်တယ်.....

ဒီအခြေအနေက အရင်တစ်ခေါက်ကထက်တောင် ပိုဆိုးရွားသွားပြီ။

သူ ထွက်ပြေးနိုင်ရင်တောင် သူ တွေ့ချင်တဲ့လူကို ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူး ဆိုတာ ဘာကို ဆိုလိုချင်တာလဲ? ကုရန်တစ်‌ယောက် ထိုစကားကြောင့် စိုးရိမ်စိတ်တွေ ကြီးမားလာခဲ့ပြီ။

ဟေးဒီစ်ကြီးက အိမ်မှာပဲ သူ ပြန်လာတာကို ငြိမ်ငြိမ်လေး စောင့်နေလောက်မှာပါ။

ကြောင်ကြီး ဆိုဖာပေါ်မှာ လဲလျောင်းနေရင်း ခပ်‌ဖျော့ဖျော့ ဒေါင်လိုက်မျက်ဝန်းအိမ်များက ကုရန်ကို ငြိမ်ငြိမ်လေး ငေးကြည့်နေတဲ့ပုံရိပ်ကို သူ ရုတ်တရက် ပြန်မြင်ယောင်သွားခဲ့တယ်။

သို့သော် Ivy က သူတို့နေနေတဲ့ နေရာကို အသေအချာ သိနေခဲ့ရင် ဒါဆို အိမ်ထဲမှာ သူ ပြန်လာတာကို စောင့်ဆိုင်းနေတဲ့ ဟေးဒီစ်ကြီး......

ကုရန် သူ့နှလုံးခုန်သံတွေကို မထိန်းချုပ်နိုင်တော့ဘူး။ " 00 , မင်း ထိန်းချုပ်ရေးစနစ်ထဲ ထပ်ကျူးကျော်နိုင်သေးလား? "

သူ့ရဲ့ လွတ်လပ်တဲ့နေ့ရက်တွေ ကုန်ဆုံးသွားပြီ , အခုချိန်မှာ ကောင်လေးက ရှားရှားပါးပါး မြင်ရခဲသော စိုးရိမ်မှုတွေကို ပြသနေပြီ။ ကုရန် အခု အလုပ်ချင်ဆုံးအရာက အိမ်ကို ချက်ချင်းပြန်ပြီး ‌ကြောင်ကြီး ဘေးကင်းရဲ့လားဆိုတာ စစ်ဆေးကြည့်ချင်တာပဲ။ ကမ္ဘာဂြိုဟ်ရဲ့ လုံခြုံမှုနဲ့ ကျန်တာအားလုံးက သူ့အတွက်တော့ ဒုတိယပဲ။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now