Chapter - 1

97.8K 5.8K 220
                                    

Unicode

ဘဝ၏ အချိုးအကွေ့များ

‌ခပ်မှန်မှန်ခြေလှမ်းတို့ကြောင့်
လူရှင်းလှသည့် ကော်ရစ်တာတစ်လျှောက်
ဖိနပ်သံ သဲ့သဲ့သာပျံ့လွင့်လို့နေသည်။
နီညိုရောင် ကတ္တီပါဖိနပ်အပါးလေးသည်
ရှင်းသန့်နေသည့် ခြေထောက်တစ်စုံမှာ
နေရာတကျယူထားလျက်ရှိ၏။

အစိမ်းရောင် အကွက်များနှင့် ပုဆိုးသည်
အတွန့်အခေါက်တစ်စုံတစ်ရာမရှိသလို
အဖြူစွတ်စွတ် ရှပ်အကျီနှင့်လည်း
အလွန်လိုက်ဖက် လှပေသည်။

ကော်ရစ်တာ အဆုံးသို့ရောက်ရှိသော
ထိုခြေလှမ်းတို့က အခန်းငယ်တစ်ခုဆီသို့
၀င်ရောက်လိုက်ကာ ရပ်တန့်သွားတော့သည်။

"ဦးစီးပြန်လာပြီ"
အမျိုးသမီးတစ်ဦး၏ အသံက နူးညံ့စွာ၊
သို့သော် အနည်းငယ်တုန်လှုပ်မှုများရှိနေသည်။

အခန်းအတွင်းရှိ လူများက လုပ်လက်စများ
အကုန်ရပ်တန့်သွားကြကာ
သူရှိရာဆီစိုက်ကြည့်၍လာကြတော့သည်။
အခန်းမျက်နှာကျက်တွင် တပ်ထားသောဒလက်ပန်ကာမှ တဒီးဒီးအသံကလွဲရင် စာရွက်နံ့ ၊မှင်နံ့များပြည့်နှက်နေသော
အခန်းက အတော်လေး တိတ်ဆိတ်ကာသွား၏။

တီ ခနဲ ကြားလိုက်ရတဲ့
မိတ္တူကူးစက်ထံမှ  အသံတစ်ခု။
သူက အပြုံးတစ်ခုပြုံးလိုက်ပြီးနောက်
အခန်းတံခါးအနီးမှာရှိသည့် ခပ်နှဲ့နှဲ့ဖြစ်‌နေသော သစ်သားခုံကို အသာဆွဲယူကာ
ထိုင်လိုက်သည်။ကျွိခနဲပင် မြည်သွားသေး
သောအသံက အားလုံးအကြည့်တွေကို
သူ့ဆီပိုစူးစိုက်စေသည်။

ဘေးနားမှာရှိနေသော စားပွဲခုံထက်ရှိ
စာရွက်စာတမ်းအထပ်လိုက်အပေါ်
လက်ထဲက စာအိတ်ကိုချလိုက်ပြီး
လက်ခုပ်ဖွဖွတစ်ချက်တီးကာ
စကားစလိုက်ရတော့၏။

"ကဲ ...အားလုံးပဲ ၊ ကျွန်တော့အခု နှုတ်ထွက်စာတင်ခဲ့ပါပြီ"

အခန်းက ငြိမ်သက်ဆဲ။
ခပ်မှန်မှန်ပြောနေတဲ့ သူကလွဲရင်
အကုန်လုံးက ပြောစရာမရှိသလိုငြိမ်သက်ကာနေ၏။

ပါးပြင်ပေါ်က ပါးချိုင့်တွေနစ်နေအောင်
ပြုံးပြလိုက်ရင်း တင်းကြပ်နေတဲ့စိတ်ကို
တစ်ဖန်ပြန်လျော့လိုက်ရသည်။

ငြိမ့် (COMPLETED)Where stories live. Discover now