Chapter-3

49.1K 5.1K 245
                                    

(Unicode)

စတင်တွေ့ဆုံခြင်း

စကားပြောဆိုသံများ ရယ်မောသံများနှင့်
ဆူညံနေသော ဧည့်ခန်းဟာ ပုံမှန်နှင့်မတူစွာ
အသက်ဝင်လှုပ်ရှားလျက်ရှိသည်။
ရနံ့ပြင်းသော ဂမုန်းပန်းများပင်
ကျွန်းစားပွဲခုံကြီးထက်တွင် အထီးကျန်လို့နေရ၏။

မေမေ့ရဲ့ ရွှင်ပြပြ နှုတ်ဆက်သံအပြင်
အနည်းငယ် ဩရှကာ နားဝင်အဆင်ပြေသော ရယ်သံတချို့က အခန်းတွင်းနေရာယူထားသည်မှာ အမြဲ တိတ်ဆိတ်နေတတ် သည့် လှိုင်းဆက်ကိုပင် ထူးထူးခြားခြား
တက်ကြွသလို ဖြစ်လာစေသည်။

လှိုင်းဆက်က မေမေ့ ဘေးနားတွင်
အသာငြိမ်ကာ ထိုင်နေပြီး ကိုယ်ကိုမတ်လျက် သူ့ရဲ့တံတောင်တစ်ဖက်ကို
ကျွန်းကုလားထိုင်၏ လက်ရန်း‌ပေါ်သို့
အသာတင်ကာ ထားသည်။ သို့သော်လည်း
စကားဝိုင်းထဲသို့ တစ်ခွန်းတလေမှပင်
ဝင်ရောက်ပြောဆိုခြင်းမရှိ သလို
မျက်စိရှေ့က စကားဝိုင်းဟာလည်း
သူ့ဆီကို စကားလမ်းကြောင်း စ မလာခဲ့ပါချေ။

မေမေ က သူမရဲ့ လက်ဖဝါးနှစ်ဖက်ကို
တီးကာ တီးကာဖြင့် တဖက်က စကားတွေကို
အားရ ပါးရ လက်ခံ သဘောကျနေသည်ကြောင့် လှိုင်းဆက်ပင် တော်တော်မျက်ခုံးပင့်ရ၏။

မည်မျှ အတိုင်းအတာအထိ ရင်းနှီးသည်
မသိရသော်လည်း ပေါ့ပေါ့ပါးပါးနှင့်
စကားပြောဆိုဟန်တို့က ဆွေမျိုးရင်းချာတို့
ပြန်လည်ဆုံတွေ့ကျသလိုပင်
အင်မတန် လှိုက်လှိုက်လှဲလှဲ ရှိလှပါသည်။

လှိုင်းဆက်က သူရဲ့မျက်နှာချင်းဆိုင်ရှိ
တစ်ရှူးကို လက်မှာကိုင်လို့ ကြည်လင်သော
မျက်လုံးဝိုင်းဝိုင်းတို့ဖြင့် မေမေ့ကို ကြည့်ရင်း
အားပါးတရ စကားပြောနေသူကို ကြည့်နေမိသည်။ တစ်ခါ တစ်ခါ ကြည့်မိတိုင်း ဒီလောက်ထိ စကားများတဲ့ ယောင်္ကျားရှိသလားဟုပင် တွေးမိသည်အထိ။

ခပ်ညိုညိုအသားအရည်အပြင်
သူ၏ထင်ရှားသော မျက်ခုံးထူထူတို့ကြောင့်
ကြည့်လို့ကောင်းသည်ဟု ဆိုရမည်။
‌ချောမောလွန်းသည်မဟုတ်သော်ငြား
ပိရိသေသပ်သည့်နှုတ်ခမ်းနှင့် ခပ်လုံးလုံး
နှာတံထိပ် ၊ခပ်ပြည့်ပြည့် မျက်နှာကျတို့ဟာ
စိုစိုပြေပြေနှင့် ကြည့်ကောင်းပါသည်။

ငြိမ့် (COMPLETED)Where stories live. Discover now