ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

12.3K 1.5K 125
                                    

Unicode

ပထမဆုံး ဒီအထိလိုက်လာပေးလို့
ကျေးဇူးတင်တဲ့အကြောင်းကို
အရင်ပြောချင်ပါတယ်။ Completedဖြစ်မှ
ဖတ်မယ်ဆိုတဲ့ သူတွေကိုလဲ လာဖတ်လို့ရပြီဆိုတာ လက်တို့ပေးကြပါအုန်းနော်။

လောလောဆယ် လူက ဝမ်းနည်းသလိုလို
ဖြစ်နေပါတယ်ဗျား။ ဒီအထိရောက်ခဲ့တာမို့
ရင်ထဲမှာ ပေါ့သွားရမဲ့အစား မခွဲချင်တဲ့စိတ်ဖြစ်ပြီး ငိုချင်သလိုလိုဖြစ်နေရပါတယ်။

"ငြိမ့်" က အိုင် ပထမဦးဆုံးရေးဖြစ်တဲ့
Own Character Ficပါ။ အဲ့ဒါကြောင့်
ငါရေးတာကို ဖတ်မှ ဖတ်ကြပါ့မလားဆိုတဲ့
ဖိအားတွေ ရှိခဲ့တာ အရင်ဝန်ခံချင်ပါတယ်။
ဘယ်စာရေးသူမဆို ဒါမျိုးခံစားဖူးကြလိမ့်မယ်လို့လည်း ထင်ပါတယ်။

ဇာတ်လမ်းပုံစံဟာ Romanceသီးသန့် မဟုတ်သလို Dramaချည်းလဲ မဟုတ်ပဲ
တစ်‌ဖြောင့်ထဲ သွားနေသလို ထင်ရပေမဲ့
ဒီထဲမှာ ကိုယ့်ကိုယ်ကိုယ် မလုံလောက်မှုတွေ၊
ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲခေါ်ရမှုတွေနဲ့
ကိုယ့်ကိုယ်ကိုယ် သုံးသပ်မှုတွေ အများကြီးကို ထည့်ရေးထားပါတယ်။ ဒီအတွက်လည်း သေချာအချိန်ပေးဖြစ်ခဲ့ပါတယ်။

နောက်ပြီး ဇာတ်အိမ်တည်ရာ နေရာဟာ
အိုင်သဘောအကျဆုံး မြို့ဖြစ်တာမို့
သိထားတာထက်ပိုပြီး ပြချင်ခဲ့ပါတယ်။
မန္တလေးကို ချစ်တဲ့စိတ်ကြောင့်ပဲ ဒီဇာတ်လမ်းက ဖြစ်လာခဲ့တာပါ။ အချက်အလက်တွေကို ဇာတ်လမ်းနဲ့ညှိပြီး
ဖြုတ်ချခဲ့ရတာတွေရှိတာမို့ မပြည့်စုံတာတွေရှိရင် အများကြီး အားနာရပါတယ်။

ဇာတ်ကောင်နှစ်ယောက် အတူသွားကြတဲ့ နေရာတွေ ၊ ပြောကြတဲ့ စကားတွေ ၊ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ သူတို့စားကြတဲ့ အစားသောက်တွေအတွက် အိုင့်ရဲ့ FB acc
Kattam Kaungမှာ ဗဟုသုတအဖြစ် ပြန်တင်ပေးထားတာလေးတွေရှိပါတယ်။
သိချင်တယ်ဆို လာဖတ်လို့ရပါတယ်နော်။

ဒီဇာတ်လမ်းရေးမယ်ဆိုတော့ ပထမဆုံး
ခေါင်းထဲရောက်လာတဲ့ ဇာတ်ကောင်က
ကိုလှိုင်းဆက်ပါပဲ။ လိင်တူစိတ်ဝင်စားမိတဲ့အပေါ် အပြစ်ရှိသလိုခံစားနေရပြီး ကိုယ့်ကိုယ်ကိုယ် ညှင်းပန်းမိနေတဲ့ ဇာတ်ကောင်ကို ဖန်တီးချင်ခဲ့မိတာပါ။ သူလည်း ပျော်ရွှင်ဖို့
ထိုက်တန်တယ်ဆိုတာ သိစေချင်ခဲ့တယ်။
မိသားစုပေးတဲ့ ဒဏ်ရာဟာ ခံရအခက်ဆုံးဆိုတာ အိုင်တို့တွေတော်တော်များများသိကြပါတယ်။ ဒါလေးကိုလည်း ထည့်ရေးချင်ခဲ့မိတယ်။

ငြိမ့် (COMPLETED)Where stories live. Discover now