Chapter-9

35.2K 4.2K 211
                                    

Unicode

နေ့ရက်များအား စတင်ခြင်း ၂

ဆတ်ခနဲ ပွင့်လာသောမျက်လုံးနဲ့အတူ
ခန္ဓာကိုယ်ကပါ ကုတင်ပေါ် ထိုင်လျက်သား။
ခြေဆင်းထားတဲ့ ခြေထောက်တွေအောက်မှာ
စောင်တွေက ရောထွေးနေပြီး ဝတ်ထားတဲ့
ချည်ဘောင်းဘီကလည်း ဒူးခေါင်းထိအောင် လိပ်တင်နေသေးသည်။

နားထဲ တိုးဝင်လာတဲ့ အော်သံစူးစူး။
ခပ်လှမ်းလှမ်းက လာနေပြီဖြစ်ကာ
မကြာခင်မှာပဲ ခပ်ဝေးဝေးရောက်သွားတော့မည့်ပုံ ။ ကုတင်ပေါ်ကနေ ဒရောသောပါး
ဆင်းပြီးနောက် အခန်းတံခါးကို အမြန်ဖွင့်ကာ
နောက်ဖေးမီးဖိုချောင်ဆီ အပြေးသွားနေတဲ့
ခြေလှမ်းတွေ။

ကြောင်အိမ်ထက်က စတီးဇလုံကို လှမ်းဆွဲယူတော့ ပန်းကန်ချင်းတိုက်သံနှင့် ဇလုံသံ
ဂလိုးဂလွမ်တို့ ‌ထွက်ပေါ်လာသည်။
ဘယ်အချိန်ကတည်းက တည်ထားမှန်းမသိသော ရေနွေးအိုးဆူသံ တရွှီးရွှီးကို ကြားနေရပေမဲ့ ခုချိန်ရေနွေးခပ်နေလျှင်မှီတော့မည်မဟုတ်။ရှင်းလင်းနေတဲ့ မီးဖိုချောင်ကို ဒီအတိုင်းသာ ထားခဲ့ရတော့မည်။

‌စတီးဇလုံကို ဆွဲယူပြီးတာနဲ့ ကျန်တာ အာရုံသိပ်မရနိုင်လိုက်။ ‌ထပ်မံပေါ်ထွက်လာတဲ့
အော်သံစူးစူးကြောင့် အိမ်ရှေ့ခန်းဆီပြေးထွက်ကာ ဖိနပ်စီးရသည်။ ကြက်ပေါင်ဖိနပ် အပြာလေးကို အမြန်စီးနေတုန်း
အိမ်ရှေ့ခန်းဆီ ဝေ့ကြည့်မိတော့ ဘုရားစင်ရှေ့ ထိုင်လျက်သား ဘုရားကန်တော့နေသူက
တအံတဩငေးကြည့်လို့နေ၏။

လောကွတ်ပြုကာ သေချာပင်နှုတ်မဆက်နိုင်။ အောက်ထပ်က အော်သံကြောင့်
မျက်နှာပင်မသစ်ရသေးတဲ့ အိပ်ချင်မူးတူး
မျက်နှာထားနဲ့ တစ်ချက်ပြုံးပြပြီး လှေကားက‌ တဆင့် ဒုန်းဆိုင်း ပြေးဆင်းလာရတော့သည်။

"ဟော့ ဒီက ပဲပြုတ်!!!"

" ပဲပြုတ်သည် နေပါအုန်း!!"
သူ့အသံက တိုက်ခန်း လှေကားတစ်လျှောက်
ပဲ့တင်သံလှိုင်တက်သွားပြီး လုံးထွေးသွားရ၏။ ပဲပြုတ်သည် ကြားမကြားတော့မသိ။
ဒရောသောပါး ပြေးဆင်းသံကတော့ မနက်ခင်းကို ဆူညံသွားစေပါတော့သည်။

.......................

လှ်ိုင်းဆက်တစ်ယောက် ထမင်းပူပူ
နှစ်ပန်းကန်ကို ဆီဆမ်းဆားဖြူးကာ ပဲပြုတ်ပူပူတို့နှင့် ရောနယ်လိုက်ပြီး ကြွေပန်းကန်ပြားနှစ်ချပ်ထဲ ခွဲကာထည့်လိုက်သည်။ ပိုနေတဲ့
ထမင်းများကိုတော့ စတီးဇလုံနှင့်ထည့်ကာ အသန့်ဖယ်ထားလိုက်ပြီး အုပ်ဆောင်းအောက်မှာ သေချာအုပ်ကာ သူကတော့
ထမင်းပန်ကန်နှစ်ချပ်ကို ကိုင်လျက် ဧည့်ခန်းဆီလျှောက်လာခဲ့လိုက်သည်။

ငြိမ့် (COMPLETED)Where stories live. Discover now