Chapter-16

31K 3.4K 132
                                    

Unicode

ရင်ထဲဝင်လာပြီဖြစ်သော ငြိမ့်တည် ၁

တဒီးဒီး လည်နေသော လေထုတ်ပန်ကာသံနှင့်အတူ ပစ္စည်းသယ်သံ ချသံများ ကြောင့်
သိုလှောင်ရုံတစ်ခုလုံး ဆူညံလို့။ ဝတ်စုံတူ
ဝတ်ထားသော အမျိုးသားဝန်ထမ်းများက
အသယ်အချလုပ်နေကြပြီး အမျိုးသမီး ဝန်ထမ်းတစ်ချို့က စာရင်းစာအုပ်ကိုင်လျက်
တတောက်တောက် လိုက်နေကြသည်။

မန်နေဂျာ လှိုင်းဆက်ကတော့ တိုက်ပုံနှင့်
ပုဆိုးကိုဝတ်ထားပြီး ကတ္တီပါဖိနပ် နီညိုရောင်လေးက မပါမဖြစ်။ ဝန်ထမ်းတွေလို ဝတ်စုံပြည့် ဝတ်စရာမလိုပဲ ကြိုက်ရာကို ပေါ့ပေါ့ပါးပါး ဝတ်ခွင့်ရတာက သူ့ရဲ့အခွင့်ထူးဟုပဲ ဆိုရမည်။ကျန်တဲ့ မန်နေဂျာတွေထက်စာရင် အန်ကယ်က သူ့ကိုအတော် ဂရုစိုက်တာတော့ ကျေးဇူးတင်စရာကောင်းပေမဲ့ အများမျက်စိစပါးမွှေးစူးမှာကိုတော့ သူမလိုလား။

တစ်ပါတ်အတွင်း အသားကျလာတာကတော့
ဘေးက ဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းကူညီမှုကြောင့်လည်းပါပါသည်။ အားလုံးက
လှိုင်းဆက်ကို တလေးတစားနှင့် ကူညီတာကြောင့် စာရင်းပိုင်းနှင့် ပစ္စည်းအထုတ်အသွင်းပိုင်းတွေကို ရက်အနည်းငယ်နှင့်
သူလိုက်မှီခဲ့သည်။ ပစ္စည်းသစ် ထုတ်လုပ်ရေးဘက်ကိုတော့  လူသစ်မို့ ဝင်မပါရသေးပေမဲ့
နောက်ထပ်ထုတ်လုပ်ရေးတွေမှာတော့ ပါဝင်ဖို့ အခွင့်ရေး ရနိုင်မည်။

လောလောဆယ်တော့ သိုလှောင်ရုံအထိုင်ပဲ နေရာယူထားရတာမို့ သူ့အတွက် အတော်လေး သက်သာသည်ဆိုရမည်။ မနက်ကိုးနာရီ ရုံးတက်ပြီး ညနေ ‌ခြောက်နာရီဆို ပြန်ရုံ။
ငြိမ့်တည် အပြန်အကြိုတော့ နည်းနည်း နောက်ကျပေမဲ့ နှစ်ယောက်သား အတူတူအသွားအလာ လုပ်လို့ရတာမို့ ရုံးချိန်ကလည်း အဆင်ပြေပါသည်။

" ဂျာကြီး စဉ့်ကိုင်ဘက် ပို့မဲ့ကားတွေ
အသင့်ဖြစ်ပြီတဲ့ တစ်ချက်စစ်အုန်းမလားဗျ"

"ကိုဖိုးသား စစ်ထားပြီဆို ရပါပြီဗျ။
ကျွန်တော့ကို ယဉ်မောင်းအမည်တွေနဲ့
ပစ္စည်းအရေအတွက် စာရင်းလေးသာ လာပို့ပေးပါ"

"ဟုတ်ပြီဗျ ဒါဆို ကျွန်တော် ထပ်ပြန်စစ်လိုက်မယ်"
ပြောပြောဆိုဆို ‌အပြေးလွှားထွက်သွားတဲ့
အသားညိုညို ခပ်တုတ်တုတ်လူကိုကြည့်ရင်း
လှိုင်းဆက် ပြုံးလိုက်မိသည်။ ကိုဖိုးသားက
သူ့အဖွဲ့က လူဖြစ်ပြီး ဖင်ပေါ့ကာ အလုပ်ကြိုးစားတာ လှိုင်းဆက် သတိထားမိသည်။
ရှေ့ရက်တွေမှာလဲ ကူခဲ့ပြီး အပြောဆိုကလည်း လေးလေးစားစားရှိတာကြောင့်
လှိုင်းဆက် လက်စွဲထားဖို့ စာရင်းထဲက
နံပါတ်တစ်ပုဂ္ဂိုလ်ပင်။

ငြိမ့် (COMPLETED)Where stories live. Discover now