Chapter-8

37.9K 3.9K 118
                                    

Unicode

နေ့ရက်များအား စတင်ခြင်း ၁

မန္တလေးမြို့နယ်နမိတ်ရောက်လာသည်နှင့်
စည်ကားလာသောလမ်းတို့က ဆိုင်ကယ်၊
ကား၊ စက်ဘီးတို့နှင့်ပြည့်နှက်နေပြီး
ကားကို အရှိန်လျှော့မောင်းရသည်အထိ
လမ်းမထက် အသွားအလာများပြားလို့နေသည်။

လှိုင်းဆက်တို့ကားလေးက စက်မှုပန်းခြံမှ
တဆင့် ၆၂လမ်းအတိုင်း ဆက်သွားခဲ့ပြီး
ညနေ အလုပ်ဆင်းချိန်နှင့်တိုက်ဆိုင်တာကြောင့် ဖြေးဖြေးချင်းသာမောင်းနေရသည်။
ကောင်လေးက မန္တလေးရဲ့ ယာဥ်သွားလမ်းကြောင်းအချို့ကို ပြောပြနေပြီး
လူရှုပ်တာကြောင့် ကိုယ်လေးကိုမတ်ကာ
ဘေးဘီဝဲရာကိုပါ ကားကြည့်ပေးနေသေးသည်။

ရန်ကုန်သား လှိုင်းဆက်ပင် မန္တလေးမှာ
ကားမောင်းရတာ နည်းနည်း မျက်စိလည်ရ၏။ သူကိုယ်တိုင်လည်း နေပြည်တော်မှာ
နေတာကြာလို့ဖြစ်ပါလိမ့်မည်။
လူတန်းစားပေါင်းစုံတို့ရဲ့ ညနေခင်းစည်ကားချိန်က သူ့ကို အတော်လေး ဂရုတစိုက်နှင့်
ကားမောင်းနှင်စေခဲ့သည်။

လမ်းကြားလေးတွေထဲ ချိုးဝင်လာကာ
အိမ်ခြေစိပ်စိပ် ရပ်ကွက်ကလေးတွေအား
ဖြတ်ကျော်လာပြီးနောက်မှာတော့ များပြားတဲ့
အထပ်မြင့်တိုက်ခန်းအိမ်ရာကို ရောက်ရှိလာပြီဖြစ်သည်။
လမ်းလျှောက်နေကြသူတချို့နှင့် ပန်းခြံတစ်ခုရှိ အားကစားပစ္စည်းများတွင့် ဆော့နေကြသူတစ်ချို့အား ချန်ရစ်ကာ မောင်းလာခဲ့ပြီးနောက် ကောင်လေးက ရှေ့သို့လက်ညှိုးထိုးကာ လမ်းချိုးရန်သတိပေးလာသည်။

Cလမ်းဟူသော လမ်းသွယ်အတိုင်းချိုးကာ မောင်းလာရင်း လှိုင်းဆက်က မြင့်မားသောတိုက်ခန်းများဆီ မော့ကြည့်မိသေးသည်။
ဒီမှာ သူအစိုးရဝန်ထမ်းလုပ်စဉ်က ဌာနကသူ‌တွေ အိမ်ရာရခဲ့ကြတာ သူကြုံဖူးသည်။
နေမနေကိုတော့ တပ်အပ်မပြောနိုင်။
တိုက်ခန်းစလစ်များအား တိုက်ရိုက်ရောင်းချတာမျိုးပင်သူ ကြားခဲ့ရသည်။
အဲ့ဒီအချိန်က လှိုင်းဆက်ကိုပင် ရောင်းတာမျိုးရှိပေမဲ့ မန္တလေးမှာ အခြေချဖြစ်မယ် မထင်မိတာကြောင့် မဝယ်ခဲ့။ ရန်ကုန်မှာပဲ တိုက်ခန်းအသေးတစ်ခု အရစ်ကျဝယ်ခဲ့သည်။ ခုတော့ဖြင့်သူက မန္တလေးသားနဲ့
အိမ်ထောင်ကျပြီး မန္တလေးကို ရောက်လာခဲ့ရပြီ။ ကံတရား၏ အချိုးအကွေ့ကား ထူးခြားလွန်းသည် မဟုတ်ပါလာ။

ငြိမ့် (COMPLETED)Where stories live. Discover now