Chapter-13

31.9K 3.6K 193
                                    

Unicode

လူသစ်များနှင့် ကြုံဆုံရခြင်း ၁

ကားဟွန်းသံ တတီတီကြောင့် နောက်ကြည့်မှန်ကတဆင့် လှိုင်းဆက်လှည့်ကြည့်လိုက်ရသည်။ရှေ့မှာ ကားတွေ တန်းစီနေပါလျက် အလောကြီးနေတဲ့ ပါရာဒိုကားက
အတင်းကြပ် တိုးချင်နေပုံ။ ပုံမှန်ဆို စိတ်တိုလေ့မရှိပေမဲ့ ဒီနေ့တော့ ဘေးခုံက ကောင်လေးကို လှည့်ကြည့်လှည့်ကြည့်နှင့်
ကြည့်လို့နေရသည်။

ဟွန်းသံဆူညံလာတိုင်း တွန့်ချိုးသွားတဲ့ မျက်ခုံးတန်းလေးတွေ။ အပြန်လမ်းဟာ
အနောက်နေရဲ့ အားကောင်းမှုကြောင့်
ကားမှန်ကတဆင့်ထိုးဖောက်ထားတဲ့ နေရောင်က ကောင်လေး မျက်နှာကို ရွှေရောင်သမ်းနေစေသည်။ ပိုရှုံ့နေတဲ့ မျက်နှာလေးက နေစူးတာကြောင့် ဖြစ်၏။

ပုံမှန်ထက် ပိုကြာနေတဲ့ မီးပွိုင့်တွေကြောင့်
၃၅လမ်းကနေ ၆၂လမ်းကိုချိုးချလိုက်မှ
နေပူသက်သာတော့သည်။ အပြင်အပူကြောင့် ကားအဲကွန်းတောင် သိပ်မနိုင်ချင်။
ကောင်လေးရင်ခွင်ထဲ ပိုက်ထားတဲ့ ကျောပိုးအိတ်ကို ယူပြီး နောက်ခုံမှာ ထားပေးလိုက်ချင်ပေမဲ့ လှိုင်းဆက်မရဲ။ သူ့မှာ အရိပ်တကြည့်ကြည့် ဖြစ်နေရပေမဲ့
သတ္တိကျလည်း မများနိုင်။

ခုဆို သူတို့မန္တလေးရောက်လာတာ တစ်လ။
ဝေးဝေးလံလံ တွေမသွားရသေးပေမဲ့
ငြိမ့်တည်ကို လိုက်ပို့ရတဲ့ လမ်းတွေကိုတော့
သူအလွတ်ရနေပြီဖြစ်သည်။ ပိုပြီး အသားကျလာတဲ့ သူတို့ကြားမှာ ငြိမ့်တည်က
အရင်လို ခပ်ရှိန်ရှိန်လေးမဟုတ်တော့။ ရင်းနှီး
မှု များပြားလာသလို ဟာသစွက်ပြီးပြောတတ်တဲ့ အတတ်ကလေးဆိုတာ လှိုင်းဆက် လက်ခံရတော့သည်။

ခုလည်း ဘာတွေများ အဆင်မပြေနေသည်မသိ။ နဂို မို့တက်နေအောင် ပြုံးပြနေကျ မျက်နှာလေးက ဒီနေ့ အားနည်းလို့နေသည်။
ခဲရောင် အကွက်လက်ရှည်နှင့် ကောင်လေးပုံစံက ခပ်နွမ်းနွမ်း။ လှိုင်းဆက် ရင်ထဲပါ
နေထိုင်မကောင်းဖြစ်ရသည်။

မနက်သွားတုန်းက ရွှင်နေတဲ့မျက်နှာလေး
အပြန်ကျမှ ဘာတွေညှိုးနွမ်းနေရပါသလဲ။
အဆင်မပြေမှု တစ်စုံတစ်ရာများရှိရင်
ပြေလည်အောင် လုပ်ပေးချင်မိပါသည်။
ငြိမ့်တည်က လူရွှင်လူသွက်လေး အနေနှင့်သာ ချစ်ဖို့ကောင်းတဲ့ ကလေးမို့လား။

ငြိမ့် (COMPLETED)Where stories live. Discover now