Chapter-24

36.4K 3.3K 263
                                    

Unicode

ငြိမ့်နှင့်အတူ အချစ်ရက်များပိုင်ဆိုင်ခြင်း

နဖူးပေါ်လာတင်လာတဲ့ လက်ဝါးပြင်ရဲ့
အထိအတွေ့ကြောင့် ငြိမ့်တည် ပြုံးလိုက်မိသည်။ မကြာခဏ ရောက်လာတတ်တဲ့
ဒီလက်ဝါးပြင်က အိပ်ရာထကတည်းက
ငြိမ့်တည်ကို စိုးရိမ်နေသူ၏ အဖျားတိုင်းနေမှုဖြစ်သည်။ အိပ်ပျော်သွားပြီး နှစ်နာရီလောက်ပဲရှိသေး ရုတ်တရက်ထဖျားတဲ့ ငြိမ့်တည်က
ချွေးအအေးပတ်သွားခဲ့တာပင်။

တကယ်ဆို မျက်နှာပူစရာ အချစ်ကိစ္စကို
ပြန်တွေးပြီးကြည်နူးနေရမဲ့ အချိန်မှာ
ကိုလှိုင်းဆက်ကတော့ ရေချိုးခန်းနှင့်
အိပ်ခန်းကို အခေါက်ခေါက်အခါခါ ကူးခဲ့ရရှာသည်။ ပုံမှန် ရေချိုးပြီးရင်တောင်
အပေါ်ဝတ်ချက်ချင်းဝတ်တတ်သူက
မနေ့ညကတော့ အပေါ်အင်္ကျီပင် ကပ်မနေခဲ့။
တွေ့ရာပုဆိုးကိုကောက်လို့ ခပ်တိုတိုဝတ်ထားပြီး ငြိမ့်တည် အဖျားကျအောင် ပြုစုနေခဲ့ရ၏။

ပင်ပန်းဝာာရော အရက်ဒဏ်ရောနှင့်
ငြိမ့်တည်ကတော့ ခေါင်းပင်မထောင်နိုင်။
အိပ်ရာထက် မှေးနေရင်း အလုပ်ရှုပ်နေသူ၏
ကျောပြင်ကျယ်ကြီးကိုငေးလိုက် ၊
ရင်ခွင်ကျယ်ကြီးကို ငေးလိုက်သာ နေခဲ့ရသည်။ အဝတ်လဲပြီး သန့်ရှင်းရေးလုပ်ပေးသူကိုမျက်နှာပူပြီး အားနာရပေမဲ့ ငြိမ့်တည်
တကယ်ကို ဒေါင်းသွားခဲ့တာပင်။

ချည်သားလက်ရှည်အပါးလေးနှင့်
နုံးချိနေတဲ့ ငြိမ့်တည်က မနက်လေးနာရီကျော်မှ ရင်ခွင်ကျယ်တစ်ခုထဲ ထွေးပွေ့ခံလို့
အိပ်ပျော်သွားခဲ့တာဖြစ်သည်။
တဗြန်း‌ဗြန်းထရွာတဲ့ မိုးကြောင့်လားမသိ
ရင်းနှီးသော အငွေ့အသက်များနှင့် ရင်ခွင်က
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေခဲ့သည်။

တရှူးရှူးနှင့် အိပ်ပျော်သွားတဲ့ ငြိမ့်တည်က
ဆတ်ခနဲ ဆတ်ခနဲ ခဏခဏထလို့
သူ့ကို အရိပ်တကြည့်ကြည့် လုပ်နေသူကိုတော့ သတိမထားမိခဲ့ပါဘူး။ ဆယ်မိနစ်ခြား
တစ်ခါလောက် ခေါင်းထောင်လို့
မျက်နှာကို ကြည့်တတ်သူကတော့
ညလည်းကောင်းကောင်း မအိပ်ခဲ့ရသလို
လင်းခါနီးတဲ့အထိ အိပ်မပျော်။
နောက်ဆုံး သူအိပ်ပျော်ချိန်မှာတော့
ငြိမ့်တည်ရဲ့ ကျောပင်ကနေ ပွေ့လို့ ဆံပင်တိုတွေကြား မျက်နှာအပ်လျက်သား အိပ်ပျော်သွားခဲ့တာဖြစ်သည်။

ငြိမ့် (COMPLETED)Where stories live. Discover now