Chapter-21

29.2K 3.3K 106
                                    

Unicode

ရင်ထဲ ဝင်လာပြီဖြစ်သော ငြိမ့်တည် ၆

ခြေသံတိုးတိုးဟာ တိုက်ခန်းငယ်ထဲ ရှေ့နောက် တတောက်တောက်လျှောက်လို့၊
မီးဖိုချောင်ပါမကျန် သွားခဲ့ပြီးနောက်
ဧည့်ခန်းထဲ ပြန်အရောက်မှာ ရပ်တန့်လို့သွားသည်။ ငြိမ့်တည်က ရေသုတ်လက်စ ခေါင်းပေါ် တဘက်တင်ပြီးနောက် ခါးကိုထောက်လျက် အိမ်ကို တစ်ပတ်လည်အောင် ကြည့်လိုက်သည်။

ကိုလှိုင်းဆက် အိမ်မှာမရှိ။ ဝရန်တာမှာလည်း
အဝတ်သွားလှန်းတုန်းက မတွေ့ခဲ့။
အိမ်ကျဉ်းကျဉ်းထဲ ငြိမ့်တည်တစ်ယောက်
ထဲသာ ရှိနေပြီး တိတ်ဆိတ်လို့နေ၏။
ပြန်ရောက်ရောက်ချင်း ငြိမ့်တည်ရေချိုးနေတုန်း ဘယ်များရောက်သွားသည်မသိ။
အိမ်တံခါးကို စေ့ခဲ့တာမို့ နီးနီးနားနားသာ
သွားပုံရသည်။ ပုံမှန်တော့ ကိုလှိုင်းဆက်က
အပြင်မသွားတတ်။ ခုလို ညပိုင်းဆို ပို၍ပင်
မသွား။

မိုးတွင်းမို့ မိုးချုပ်လွယ်သလို မှောင်တာလည်း လွယ်လာသည်။ ငြိမ့်တည်က တဘက်လေးကို ဝရန်တာမှာထွက်လှန်းရင်း ဟိုးအဝေးက
ခရမ်းပုတ်ရောင်ပြောင်းနေသည့် ကောင်းကင်ကြီးဆီ ကြည့်နေမိသည်။ နေမင်းသည်ကား
ကောင်းကင် မှာလုံးဝမရှိတော့။ တိမ်လွှာ
တိုက်များက အုံ့ဆိုင်းစွာရှိနေကြပေမဲ့
မိုးရိပ်လေရိပ်တော့ ကင်းလို့နေသည်။

ဝရန်တာ အစွန်းထိ သွားကာ လက်ရန်းပေါ်
လက်တင်လိုက်ပြီး အောက်ထပ်ဆီ လှမ်းငေးလို့နေမိသည့် ငြိမ့်တည်။ ကိုလှိုင်းဆက်ရဲ့
ရေလောင်းပျိုးထောင်မှုနှင့် ဖွံ့ထွားလာခဲ့တဲ့
ပန်းပင်တွေက မွှေးရနံ့တွေလှိုင်လို့။ ယုဇန
အပင်ပေါက်လေးမှာပင် အပွင့်တွေခဲကာ
သင်းပျံ့သော မွှေးရနံ့ကို ပေးလို့နေသည်။

ဟိုတိုက်ခန်း ဒီတိုက်ခန်းနှင့် လမ်းမထက်က
ထွက်လာသော အသံတွေကြား ငြိမ့်တည်လည်း ဟိုဟိုဒီဒီငေးလို့။ မှောင်ရိပ်သန်းကတည်းက ဖွင့်ထားသော လမ်းမီးတိုင်များအောက် ကိုလှိုင်းဆက်ကိုများ တွေ့မလားဆိုတဲ့ ရည်ရွယ်ချက်ကလေးလည်း ရှိနေခဲ့သည်။

ဟော ထင်တဲ့အတိုင်းပါပဲ..။
ညဉ့်ဦးလေပြေရဲ့ကြားထဲ ဟင်းထုပ်များကို
ဆွဲလို့ လျှောက်လာတဲ့ ကိုလှိုင်းဆက်။
ငြိမ့်တည် သဘောကျရတဲ့ ကိုလှိုင်းဆက်ပါလေ။ မီးရောင်အောက်က ကွန်ကရစ်လမ်း
ထက် လျှောက်လှမ်းလာတဲ့သူက ရှည်လျားတဲ့ အရပ်တွေနှင့် ခြေလှမ်းကျယ်တွေကို
လှမ်းလို့လာသည်။ ပေါ့ပေါ့ပါးပါးဝတ်ထားတဲ့ ချည်သားဝတ်စုံ အညိုဖျော့ဖျော့ဟာ
ကိုလှိုင်းဆက် ကိုယ်ပေါ်မှာ ကြည့်ကောင်းစွာ။
ငုံ့မိုးကာ ငေးနေမိသူ ငြိမ့်တည်ကတော့
ဝရန်တာ လက်ရန်းထက် မေးလေးပင် ထောက်မိလို့နေ၏။

ငြိမ့် (COMPLETED)Where stories live. Discover now