Chapter-26

30.8K 2.9K 63
                                    

Unicode

ချစ်မိပြီးနောက် နေ့ရက်များ ၃

တနင်္လာနေ့ နံနက်ခင်းဟာ တဖန်ပြန်ပြီး
ရောက်ရှိလို့လာပြီ။ တစ်ပါတ်တာရဲ့
အစရက်မှာတော့ တိုက်ခန်းငယ်လေးက
အရင်ရက်တွေထက် နည်းနည်းဆူညံတတ်သည်။ အခြားတော့ မဟုတ် ၊ပိတ်ရက်အပြီး ပြန်ထည့်ရတဲ့အားအင်တွေ အသားမကျသေးတာမို့ အိပ်ရာထနောက်ကျတဲ့ ကိစ္စ။
အဓိက တရားခံကတော့ ငြိမ့်တည်ပါလေ။

အိပ်ခန်းမှ ရေချိုးခန်း ၊ ရေချိုးခန်းမှ ဝရန်တာ
ပြီးတော့ မီးဖိုချောင် ၊ ဧည့်ခန်း တစ်နေရာပြီး
တစ်နေရာ ဒေါင်ချာစိုင်းလို့ အလုပ်များနေတဲ့ငြိမ့်တည်က ရုံးချိန်မှီအောင် လိုက်နေရသည်။
တနင်္ဂနွေဆို လည်ချင်ရာလည်ပြီး ခြေကုန်လက်ပန်းကျနေတော့ နောက်ရက် စောစောထဖို့ သူ့မှာမလွယ်ကူ။

တစ်ယောက်ထဲ ငြိမ့်တည် ရှုပ်နေသလောက်
အေးချမ်းလွန်နေတဲ့ လူကတော့ ရေမိုးချိုးအပြီး၊ အိမ်အလုပ်လည်းအပြီး ၊ ပြင်ဆင်လို့လည်းအပြီးနှင့် ငြိမ့်တည်ကို အမြဲစောင့်နေတတ်သည်။ ထမင်းစားပွဲမှာထိုင်လို့ စောင့်နေသူအနား ငြိမ့်တည် ဝင်ထိုင်ရင်း ဒူးခေါင်းနဲ့
စားပွဲနဲ့တိုက်မိတော့ အောင့်ခနဲ။

"အ!!"

"ဟော ဟော...တိုက်ပြီ။ ဖြေးဖြေးလုပ်ပါကွာ
ကိုယ်မှီပါတယ်ဆို"

စိတ်ပူသွားသူက ဂျင်းဘောင်းဘီပေါ်က
တဆင့် ဒူးခေါင်းကို အသာဖိအုပ်ပေးရင်း
အလျင်မလိုဖို့ တိုက်တွန်းလာပေမဲ့ ငြိမ့်တည်ကတော့ တနင်္လာနေ့တိုင်းထုံးစံမပျက်တဲ့ သူ့ကိုယ်သူ စိတ်ပျက်နေတာသာ သိတော့သည်။

" ထမင်း စားလို့မကောင်းဘူးလား"

အတွေးများနေတဲ့သူ့ကို မေးလာရင်း
ရေနွေးခွက်ပါ ရှေ့ချလာပေးတဲ့
ကိုလှိုင်းဆက်။

"စားလို့ကောင်းပါတယ်ဗျ"
ကျေနပ်အောင် နှမ်းဆီနံ့သင်းနေသည့်
ထမင်းပူပူကို ငြိမ့်တည် များများစားပြတော့
ပါးချိုင့်တွေဟာ ခန့်ညားသည့်ပါးပြင်ထက်
ချိုမြိန်စွာ နစ်ဝင်လို့နေတော့သည်။
မနက်ခင်းကို အပြုံးနဲ့ စတင်ပေးတဲ့
ကိုလှိုင်းဆက်က ငြိမ့်တည်အတွက် ရွှေရင်အေးပါပဲ။

ငြိမ့် (COMPLETED)Where stories live. Discover now