Chapter-12

33.5K 3.8K 204
                                    

Unicode

နေ့ရက်များအား စတင်ခြင်း ၅

မနက်ခင်းရဲ့ လေညှင်းနုနုက ခေါင်းရင်း ပြတင်းပေါက်က တဆင့် အခန်းထဲ ဝင်ရောက်လို့နေသည်။ တလှုပ်လှုပ်ခတ်နေတဲ့ ခြင်ထောင်စလေးက ကုတင်ထက်ဝဲပျံလို့။
လှိုင်းဆက်က ကုတင်ပေါ်က ဆင်းလိုက်ပြီး
တဖက်ကိုသွားကာ အောက်ကျလုမတတ်ဖြစ်နေတဲ့ ဘေးတားထာသော စောင်ကို သေချာလေး ပြန်ပြင်ထားပေးလိုက်သည်။

ခြင်ထောင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
နေသူက အသက်ရှူသံ တရှူးရှူးပင်ထွက်လျက်။ ပါးပေါ်က သနပ်ခါးတွေတောင် ပျက်နေပြီဖြစ်သည်။ တဒီးဒီး တုန်ခါလာတဲ့ ဖုန်းသံကြောင့် အသာငုံ့ကြည့်နေတဲ့ လှိုင်းဆတ်တစ်ယောက် မတ်ခနဲ။ ခပ်မြန်မြန် လှမ်းလိုက်တဲ့ ခြေလှမ်းတွေက အခန်းထောင့်က စားပွဲလေးထဲ ဦးတည်သွားကြသည်။

Alarm ကို ပိတ်လိုက်ပြီး ဒီဘက်ပြန်ကြည့်တော့ အိပ်ပျော်နေဆဲကောင်လေး။ သက်ပြင်းငယ်တစ်ချက် ရှိုက်ထုတ်ပြီးမှ ဖုန်းကို ပြန်ချရတဲ့ လှိုင်းဆက်။ မနိုးသွားလို့ တော်ပါသေးတယ်။

ငြိမ့်တည်တစ်ယောက် ဒီနားရက်ကလေးကို
နားပါစေဆိုပြီး သူ့မှာစောစောထထားရတာ။
ဒီကောင်လေးက alarm ပိတ်ဖို့ မေ့သွားပုံရသည်။ တစ်ပါတ်လုံး မနက်ဆို ပြာယာခတ်နေတဲ့ကောင်လေးက သူ့အတွက် မနက်စာပြင်ပေးဖို့ အမြဲစောစောထတတ်သည်။
ဒီနေ့တော့ နားရက်မို့ အေးဆေးအိပ်ခိုင်းရမည်။

အခန်းလိုက်ကာကို သေချာပြန်စိခဲ့ပြီး
မျက်နှာသစ် ကိုယ်လက်သန့်စင်ဖို့လုပ်ရသည်။ ပြီးမှ ထမင်းပေါင်းအိုး တစ်လုံးတည်ကာ ဘုရားသောက်တော်ရေကပ် ဘုရားကန်တော့ ရ၏။ အားလုံးပြီးစီးတော့ ၇နာရီခွဲ
ငြိမ့်တည်က နိုးမလာသေးတာကြောင့်
လှ်ိုင်းဆက် ဧည့်ခန်းမှာထိုင်ရင်း သူ့အလုပ်လျှောက်လွှာကို တစ်ချက် ပြန်စစ်နေလိုက်၏။

စိုက်ပျိုးရေးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ သုံးလေးခု သူနဲ့ချိတ်မိထားပေမဲ့ ခုထိ သေချာမရွေးရသေး။ သူယူခဲ့တဲ့ ခေတ်ကာလအရ
ဘွဲ့က အရမ်းကြီးမြင့်နေတာ မဟုတ်ပေမဲ့
လုပ်သက်နှင့် အတွေ့အကြုံအရတော့
သူရာထူးကောင်းကောင်း ရနိုင်သေးသည်။
လစကလည်း မတိမ်းမယိမ်းတွေမို့ အလုပ်နေရာနဲ့ တခြားခံစားပိုင်ခွင့်တွေကို ပြန်ကြည့်ရမည်။

ငြိမ့် (COMPLETED)Where stories live. Discover now