Chapter-30

28.9K 2.6K 44
                                    

Unicode

ချစ်မိပြီးနောက် နေ့ရက်များ ၇

(ကိုလှိုင်းဆက်၏ အတိတ်)

၂၀၀၅ခုနှစ်၊ ဒီဇင်ဘာလ ။
ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင် ဌာန။

ဆောင်းနှင်းငွေ့ရည်တို့နှင့်အတူ တက္ကသိုလ်
မောင်မယ်များရဲ့ ခြေလှမ်းတို့က လန်းဆန်းလို့နေကြသည်။ ကျောင်းဖွင့်ရက်ရဲ့ ပထမဆုံးရက်မှာ မောင်တို့မယ်တို့က ကျောင်းတော်ကြီး၏ ရင်ငွေ့ဆီ ပြန်ခိုဝင်လာပြီး ဘဝသက်တမ်းရဲ့ အမှတ်ရစရာ အဖြစ်ပျက်တို့ကို
ဖန်တီးဖို့ အဆင်သင့်ဖြစ်လို့နေကြပြီ။

ဤကား တက္ကသိုလ် ကျောင်းများ
ပြန်ဖွင့်ချိန်ကာလ။

ရောင်စုံအလှပန်းလေးများနှင့်
ကျောင်းကို တန်ဆာဆင်ရာ ကာလပင်။
ကံကော်မြေဟာ တစ်ဖန်ပြန်ပြီး
နိုးထချိန်ရောက်လို့လာခဲ့ပြီ။

အမိတက္ကသိုလ်ရဲ့ လျှောက်လမ်းမထက်
ကတ္တီပါဖိနပ်ကို စီးလို့ ပေါ့ပါးစွာ လျှောက်လှမ်းလာသူ အမျိုးသားတစ်ယောက်။
တိုသောဆံပင်က ကြည်လင်နေသော မျက်နှာကို ပေါ်လွင်လို့နေစေသည်။ ချိုမြသော
အပြုံးတို့ဟာ ပါးပြင်ထက်က ပါးချိုင့်ကလေးများအကူညီကြောင့် ပိုပြီး ချိုမြိန်ပုံရလို့နေသည်။

လက်ထဲမှ စာအုပ်တချို့ကို သယ်ဆောင်ကာ
လျှောက်လာသူအား ကွက်ကြည့်ကွက်ကြည့်
လုပ်နေကြသော ကျောင်းသူတစ်ချို့ရှိပေမဲ့
ကာယကံရှင်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပင်။
မြင်လိုက်ရတာနှင့် အေးမြသော အသွင်
သဏ္ဍန်က ထိုအမျိုးသားလေးကို ပိုပြီး
ငေးကြည့်ချင်စရာ ကောင်းစေခဲ့သည်။

ကော်ရစ်တာမှ တဆင့် အတန်းတက်ရမဲ့
အဆောင်ဆီ ရောက်လာပြီးနောက် လူသူ သိပ်မဆုံသေးသော အတန်းထဲမှ မျက်မှန်းတန်းမိသူ သူငယ်ချင်းတစ်ချို့နှင့်
စကားစမြည်ပြောဖြစ်၏။ တကယ်တော့
သူကျောင်းလာတာ စောနေတာပင်။ အဆောင်မှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းအုပ်စုက ရေချိုးရင်း သီချင်းဆို ကောင်းကြတုန်း။

ကိုတိကျဟု နာမည်ကြီးတဲ့ လူရည်သန့်လေးက တတိယနှစ် ဝိဇ္ဇာကျောင်းသား လှိုင်းဆက်ပင်။ ဖြူသောအသားရည်နှင့် အမြဲ သစ်လွင်သပ်ရပ်စွာ ဝတ်စားတတ်သော အမျိုးသားလေးက ပထမနှစ်ကျောင်းတက်ကတည်းက
လူတော်တော်များများ မျက်မှန်းတန်းမိသော
ရုပ်ရည်ရှိသည်။ ထူသော မျက်ခုံးနက်များက
‌မကျဉ်းမကျယ် မျက်လုံးထက် ထင်ရှားစွာနေရာယူနေပြီး ပိရိသော နှုတ်ခမ်းတို့က
ဆေးလိပ်၊ကွမ်း ကင်းသောအကျိုးငှာ ပကတိအတိုင်း စိုပြေလို့နေတတ်သည်။

ငြိမ့် (COMPLETED)Where stories live. Discover now