Chapter-39

32.8K 2.7K 143
                                    

Unicode

ချစ်မိပြီးနောက် နေ့ရက်များ ၁၆

တရှဲရှဲမြည်နေတဲ့ ဆီပူအိုးကို မီးပိတ်ပြီး
ငြိမ့်တည် အိမ်ရှေ့ခန်းဘက် ထွက်လာခဲ့သည်။ တိုင်ကပ်နာရီကို ကြည့်တော့ ညနေ၆နာရီခွဲ။ ဒီအချိန်ဆို ကိုလှိုင်းဆက် ရွှေဘိုမှာ အလုပ်ပြီးနေလောက်ပြီထင်သည်။
အိမ်ရှေ့ တံခါးသော့ကို သေချာစစ်ပြီး
ဆိုဖာပေါ် ပစ်တင်ထားတဲ့ ဖုန်းလေးကိုယူကာ
ငြိမ့်တည် ဝရံတာဘက် ထွက်လာလိုက်သည်။

ဆောင်းကာလမို့ ညနေနေရောင်က အားမရှိလှ။ နှင်းရိပ်တွေကြား ဖျော့တော့လို့နေသည်။
ဆောင်းညနေတွေက မိုးချုပ်မြန်သည်မို့
နေ့တာကလည်း တိုတတ်သေးသည်။ အညာ‌ဒေသရဲ့ ဆောင်းတွင်းအချိန်ဟာလဲ
သိပ်ထူးခြားသွားတာမျိုးမရှိ။ပူအလွန် အေးအလွန်နှင့် အစွန်းပင် ရောက်ပါသေးသည်။

ငြိမ့်တည်က မှောင်ရိပ်သန်းနေပြီဖြစ်သော
ညနေခင်းကို တိုက်ခန်းဝရံတာမှ မေးထောက်ငေးနေမိသည်။ လူသွားလူလာ မပျက်သေးသည့် အိမ်ရှေ့လမ်းမှာတော့ ရုံးပြန်လာကြသူတွေက ဖြတ်သန်းသွားလာနေကြ၏။ တစ်ဖက်တိုက်ခန်းက ဟင်းဆိုင်မှာလဲ
ဈေးဝယ်ကျချိန်မို့ လူစည်လို့နေသည်။

ငြိမ့်တည်က ဝတ်ထားသည့် လက်ရှည်အပါးလေးကို ရင်ဘတ်ကနေစွဲစေ့ပြီး ခရီးထွက်သွားတဲ့ အမျိုးသားကို သတိရနေမိသည်။
ရုံးကိစ္စနှင့် သွားတဲ့သူကို ဖုန်းတဂွမ်ဂွမ်
ဆက်လို့ကလည်း မဖြစ်တာမို့ ဒီတစ်နေ့လည်လုံး ဖုန်းအနားကနေ ဝေးဝေးမခွာရဲ။
ရောက်ရင် ဖုန်းဆက်ပါမည်ဆိုတဲ့သူဆီက
ဖုန်းအလာကို ငြိမ့်တည် စောင့်နေရသည်။

မန္တလေး-ရွှေဘိုခရီးက ဝေးလွန်းသည် မဟုတ်ပေမဲ့ သူတို့အိမ်ထောင်ကျပြီး ပထမဆုံးအကြိမ် ညဥ့်အိပ်ညနေခွဲဖူးတာမို့ ငြိမ့်တည်
နည်းနည်းတော့ လွမ်းသလိုလို ဖြစ်ရသည်။
အိမ်က အမြဲနှစ်ယောက်ရှိနေရာမို့ တစ်ယောက်လျော့ရင်တောင် ခံစားချက်က သိသာလို့လာသည်။ နှစ်ယောက်စာ ချက်နေရာက လျှော့ချက်ရတာတွေ ၊ ခုလို ဝရံတာမှာ တစ်ယောက်ထဲ နေရာအကျယ်ကြီး ရပ်နေရတာတွေကအစ ကိုလှိုင်းဆက်ကို
ဖျတ်ခနဲ သတိရစေတတ်၏။

ငြိမ့် (COMPLETED)Where stories live. Discover now