Chapter - 10

36.5K 3.9K 84
                                    

Unicode

နေ့ရက်များအား စတင်ခြင်း ၃

ဒေါင်းလှန်းကြီးကိုရောက်တော့ နေ့လည်
တစ်နာရီ။ ဟူဟူလောင်အောင်အထိ ဆာနေတာမဟုတ်ပေမဲ့ စားချိန်လွန်နေပြီမို့ ခပ်သွက်သွက်လေး မြန်မဲ့ အစားသောက်ကိုမှာလိုက်ရသည်။

ထမင်းဟင်း တွေရောက်မလာခင် မျက်စိရှေ့ရောက်လာတာကတော့ ရေနွေးခွက်ကလေး။
ပန်းကန်လုံးနှစ်ခုကို ရေနွေးလေးနဲ့ကျင်းပြီးမှ
သေချာထည့်ပြီး လှိုင်းဆက်ဆီ ရောက်လာတာဖြစ်သည်။

"ထမင်းစားရင်း သောက်ရဲ့လား မသိဘူးဗျ"

"ကိုယ် သောက်ပါတယ်"

"ကိုလှိုင်းဆက်အတွက် ရေနွေးအိုးပါ ဝယ်လာတယ်ဗျ။ အိမ်က အိုးက အပူသိပ်မခံတော့ မဟုတ်လည်း ဝယ်ရမှာ အတော်ဖြစ်သွားတယ်။ လူကြီးဆိုတော့ ရေနွေးကြမ်းအိုးက အမြဲ အဆင်သင့်နေမှ"

ပြောရင်း လူကြီးဆိုတဲ့ နေရာရောက်တော့
လှိုင်းဆက်ကို လှမ်းကြည့်ရင်း ဇက်ကလေး
ပုလိုက်သေးသည်။ လှိုင်းဆက်မှာ မပြုံးပဲ
မနေနိုင်။ သူတော်တော်လေး အသက်ကြီးနေသလို ခံစားသွားရစေတာမို့ ခေါင်းတငြိမ့်ငြိမ့်
လုပ်ရင်းသာ ပြုံးနေရတော့သည်။

"ကိုလှိုင်းဆက်ကို အသက်ကြီးနေတယ်လို့ ပြောချင်တာ မဟုတ်ဖူးနော်..ကျွန်တော်..
ဘယ်လိုပြောရမလဲဗျာ"

သူ့ဟာသူ အူလည်လည် ရုပ်ကလေးနဲ့
ခေါင်းကုပ်တဲ့ကောင်လေး။ နှစ်ယောက်သား
သစ်သားကြမ်းခင်းထက် ထိုင်နေတာမို့
ကောင်လေးက တရိုတသေ ဒူးတုပ်ချလိုက်တဲ့အခါ လှိုင်းဆက်လက်ထဲက ရေနွေးကြမ်းပန်းကန်ပင် စားပွဲထက်ချမိလျက်သား။

သူ့ကို တကူးတက ရှင်းပြနေတဲ့ကောင်လေးကြောင့် သူပါနေရခက်လာသလို။ မင်း ဒီလိုထိ တကူးတက ရှင်းပြဖို့မလိုဘူးဆိုတာ ပြောပြချင်လာသည်။ လှ်ိုင်းဆက်က ခါးကိုမတ် လိုက်ရင်း ချောင်းတစ်ချက်ဟန့်တော့
ဝိုင်းစက်နေတဲ့မျက်လုံးလေးတွေက ရောက်လို့လာသည်။

လေပန်ကာကြောင့် ခပ်လွင့်လွင့်ဖြစ်နေတဲ့ ဆံပင်တိုလေးတွေနဲ့ စဉ်းစားရကျပ်နေတဲ့ ကလေးတစ်ယောက်ရဲ့ ပူပန်မှုက
ငြိမ့်တည်မျက်နှာမှာအပြည့်။အသက်အရွယ် ကွာခြားမှုက ဒီကောင်လေးကို ဖိအားများဖြစ်မိနေသလား။ အဆုံးမှာတော့ စကားမတတ်တဲ့ လှိုင်းဆက်လိုလူပင် ပြေရာပြေကြောင်း ပြောရသည်အထိ။ ရှေ့က မျက်နှာတော်လေးကို မညှိုးစေချင်တဲ့ စေတနာဟာ သူ့ကိုလှုံ့ဆော်လာခဲ့သည်။

ငြိမ့် (COMPLETED)Where stories live. Discover now