Chapter-19

29.6K 3.2K 166
                                    

Unicode

ရင်ထဲဝင်လာပြီဖြစ်သော ငြိမ့်တည် ၄

အေးစက်သော အထိအတွေ့ကြောင့်
လှိုင်းဆက် အိပ်ရာထက်မှ ထထိုင်တော့
နားထဲဝင်လာသော မိုးသံများက ဆူပွက်လို့။
ခေါင်းရင်းတံခါးကို ခပ်သွက်သွက် ထပိတ်ပြီး
လှောင်ပိတ်သွားတဲ့အခန်းကို လေရအောင်
မတ်တပ်ပန်ကာလေးကို အရှိန်နည်းနည်းနှင့်
ဖွင့်ထားလိုက်သည်။

ညအိပ်မီးလေးသာ ရှိသောအခန်းက
အပြင်ဘက်က မိုးသံသဲ့သဲ့နှင့် ပန်ကာလေသံ
တိုးတိုးကြားမှာ နွေးထွေးလို့နေသည်။
လှိုင်းဆက်က ကုတင်ပေါ်ပြန်မတက်ခင်
အိမ်ရှေ့ခန်းက ပြတင်းပေါက်တွေကို တချက်လိုက်စစ်လိုက်၏။ ပိတ်ထားတာ‌ သေချာမှ
အခန်းထဲပြန်ဝင်လာတော့ ကုတင်ပေါ်က
ကောင်လေးက လှိုင်းဆက်အိပ်နေရာဘက်ဆီ
လက်လေးထုတ်လို့ထားသည်။

အောက်ကို တွဲလောင်းကျနေသော ခြင်ထောင်စကို သေချာပြန်ခုပေးပြီး
ကုတင်ပေါ်ပြန်တက်လာတော့ ချက်ချင်း
မအိပ်မိသေး။ လှိုင်းဆက်ရဲ့ အိပ်ရာဘက်‌ထိ
ဆန့်တန်းအိပ်နေတဲ့ ကောင်လေးကို ထိုင်ငေးနေမိသည်။

စောစောကမိုးစင်ထားတဲ့ နှဖူးထက်က ရေမှုန်
ရေမွှားလေးတွေကို လက်ညှိုးထိပ်လေးနှင့်
အသာဆွဲပွတ်ပေးလိုက်တော့ အိပ်ပျော်နေတဲ့ ကောင်လေးက မျက်ခုံးလေးတွေ တွန့်ခနဲ။
ပြုံးခနဲဖြစ်သွားမိတဲ့ လှိုင်းဆက်ရဲ့ မျက်နှာထက်က ပါးချိုင့်များဟာ နင့်ခနဲဖြစ်သွား၏။ ဒီကောင်လေးရဲ့ အိပ်နေတုန်း ရုတ်တရက်ဖြစ်သွားတဲ့ အမူအရာ လေးတွေကအစ ချစ်ဖို့ကောင်းသည်မဟုတ်ပါလား။

ဆန့်တန်းနေတဲ့ လက်ကလေးကို အသာကိုင်ကာ နေရာရွေ့ပေးပြီး လှဲချအိပ်တော့
မျက်နှာချင်းဆိုင်ဖြစ်သွား၏။ ငြိမ့်တည် ဆီက အသက်ရှူသံတိုးတိုးက ညင်သာစွာ။
ပန်ကာလည်သံ တဝီးဝီးကြား အိပ်မပျော်သေးသူ လှိုင်းဆက်ကတော့ ငေးနေတဲ့အကြည့်တွေ မဖယ်မိ။ အတွေးတွေ မများနိုင်ပဲ ငြိမ့်တည်နဲ့ မျက်နှာအစိတ်အပိုင်းလေးတွေကိုသာ လိုက်ကြည့်နေမိခဲ့သည်။ နှာတံလုံးလုံး၊ ဖိအပ်ထားလို့ လုံးထွက်နေတဲ့ ပါးပြင်လေး၊ ပြီးတော့ ခပ်မို့မို့ မျက်ခွံလေးတွေ။

ငြိမ့် (COMPLETED)Where stories live. Discover now