Part - 1(Unicode)

455K 17.8K 4.9K
                                    

ညနေခင်းရဲ့ဆည်းဆာရောင်လွှမ်းနေတဲ့ ကောင်းကင်ပြင်အောက်မှာ မျက်စိတစ်ဆုံး ကြည့်မကုန်နိုင်တဲ့ပန်းခင်းကြီးကို ငေးကြည့်နေတဲ့ လူရွယ်တစ်ယောက်။

တိုက်ခတ်နေတဲ့ဆောင်းလေအေးကြောင့် ထိုလူငယ်ဝတ်ဆင်ထားတဲ့ ကုတ်အရှည်အနားစတို့က လေထဲမှာတဖျတ်ဖျတ် လွင့်ခါနေလျက်။ ဒီအတိုင်းလေးပဲ ရပ်နေတာကိုပင် လူအများရဲ့အမြင်မှာ ထိုလူသားက ပြည့်စုံတယ်ဆိုတာထက် သာလွန်နေသည်။

အရှေ့တိုင်းနဲ့ အနောက်တိုင်းအလှနှစ်ခု ပေါင်းစပ်ထားတဲ့ ထိုလူရွယ်က အများအမြင်မှာ တော်တော်လေးကို ဆွဲဆောင်မှုရှိနေသည်။ ခြောက်ပေကျော်ရှည်တဲ့ အရပ်အမောင်းက လူတိုင်းမျက်စိကျရတဲ့ သူ့ရဲ့အားသာချက်။

ထူထဲနက်မှောင်တဲ့ မျက်ခုံးထူထူအောက်က အညိုရောင်မျက်ဝန်းတွေက ကြည့်မိသူတိုင်း ထပ်ခါထပ်ခါ ကျရှုံးသွားစေတဲ့ မာယာညွှတ်ကွင်းတစ်ခု။ ဒါပေမဲ့လည်း အမြဲလိုလိုတပ်ထားလေ့ရှိတဲ့ နေကာမျက်မှန်ကြောင့် လူအနည်းစုကသာ ထိုပျော်ဝင်ငြိတွယ်စရာကောင်းတဲ့ မျက်ဝန်းညိုကို တွေ့ဖူးကြသည်။

ဖြောင့်တန်းနေတဲ့နှာတံကို အဆုံးသတ်မှာ ပံ့ပိုးပေးထားတာက ခပ်ချွန်ချွန်နှာထိပ်လေး။ အမြဲလိုလို တင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းက ပြီးပြည့်စုံတဲ့မျက်နှာရဲ့ အဓိကသော့ချက်ပဲဖြစ်သည်။ မည်းနက်နေတဲ့ ဆံပင်တွေက ဂုတ်အထိပင်ရှည်လို့နေသည်။ အောက်အဖျားတို့ကတော့ သဘာဝအတိုင်း လှိုင်းတွန့်ပုံစံ အနည်းငယ်ကောက်နေလျက်။

ရှေ့ဆံပင်တို့က အလယ်မကျတကျခွဲထားပြီး နဖူးပြင်ဘေးတစ်ဖက်တစ်ချက်စီမှာ ကပိုကရိုကျနေသည်။ ဆံပင်တစ်ဝက်ကို စည်းကာထုံးထားပြီး တစ်ဝက်ကိုချထားတဲ့ ထိုလူငယ်က ကောင်းကင်ဘုံက နတ်ဘုရားတို့ အချိန်ယူထုဆစ်ပြီး ဖန်ဆင်းထားတဲ့ နတ်သားလေးတစ်ပါးအလား။

ဒီလောက်ကောင်းခြင်းအဖြာဖြာ ပြည့်စုံနေတဲ့ ထိုလူငယ်က ဘယ်သူများပါလိမ့်။

သူကတော့ နိုင်ငံရဲ့ထိပ်တန်းသူဌေးတစ်ဦးဖြစ်တဲ့ ဦးမင်းကြွယ်တိုးရဲ့ တစ်ဦးတည်းသောသား သတိုးရှန်ခိုက်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now