Part - 37(Unicode)

99.9K 8.8K 1.6K
                                    

" ရှား... အဆင်ပြေရဲ့လား "

ကားထဲမှာနေရာယူပြီးတဲ့အထိ ခိုက်ကရှားကို စိတ်မချနိုင်ပဲ တဖွဖွမေးနေသည်မို့ ရှား အဆင်ပြေကြောင်း ခေါင်းညိတ်ပြနေရသည်။

" ငါ ဘာမှမဖြစ်ပါဘူး... ပြောချင်တာတွေပြောလိုက်ရတော့ ရင်ထဲပေါ့သွားပေမယ့် ​ပြန်တွေးကြည့်တော့ ယောကျာ်းတစ်ယောက်အနေနဲ့ မိန်းကလေးတစ်ယောက်ကို နိုင်လိုမင်းထက်ပြုတဲ့ သဘောမျိုးဖြစ်သွားတယ်... ငါတို့ နည်းနည်းလွန်သွားတယ်ထင်တယ် "

မျက်နှာလေးက မသာမယာဖြစ်နေသည်မို့ ခိုက်က seat belt ကို ပြန်ဖြုတ်လိုက်ပြီး ပေါင်ပေါ်မှာယှက်တင်ထားတဲ့ ရှားလက်လေးကို ဆွဲယူကာဆုပ်ကိုင်လိုက်သည်။

" ကိုယ်ကတော့ လိုတောင်လိုသေးတယ်လို့ ထင်နေတာ... ရှားက အရင်စ,တာမှမဟုတ်ပဲ သူကသာ ပြဿနာတွေရဲ့ အရင်းအမြစ်ဖြစ်နေတာလေ... စိတ်ရှုပ်စရာတွေ ခေါင်းထဲထည့်မနေပါနဲ့ကွာ... ကိုယ့်ကိုချစ်ဖို့အကြောင်းတွေပဲ အချိန်တိုင်းတွေးနေရင်တောင်မှ အကျိုးရှိသေးတယ် "

ခိုက်ပြောလိုက်တော့ ရှားက ' မနိုင်ဘူး ' ဆိုတဲ့သဘောမျိုးနဲ့ ခေါင်းအသာရမ်းရင်း ပြုံးလို့လာသည်။ ခိုက်က ရှားပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး မျက်နှာချင်း ဆိုင်စေလိုက်တော့ ရှားက မော့ကြည့်လာသည်။ ခိုက်က ရှားမျက်ဝန်းတွေထဲကို သေချာစိုက်ကြည့်လိုက်ပြီး

" ကိုယ့်ကို ခွင့်လွှတ်ပေးနိုင်ပြီလား.. ဟင် "

" မသိဘူး!! "

ရှားက အကြည့်လွှဲသွားတာကြောင့် ခိုက်က ပခုံးကိုထိန်းကိုင်ထားတဲ့ လက်တစ်ဖက်ကိုလွှတ်ပြီး မေးလေးကို လက်နဲ့အသာထိန်းကိုင်ကာ သူ့ဘက်ကိုပြန်လှည့်စေလိုက်သည်။

" ပြောပါဦးကွာ... မောင့်ကို အကြာကြီး စိမ်းကားရက်တယ်ပေါ့ "

" မင်းကလေ... တကယ်ပဲနော်... တတ်လည်းတတ်နိုင်တယ် "

ရှားက အရယ်တစ်ဝက်နှောရင်း ပြောလာတော့ ခိုက်က ရှား လက်ဖဝါးလေးကိုဆွဲယူပြီး နမ်းရှိုက်လိုက်ပြီး ရှားကိုယ်လေးကိုဆွဲကာ ရင်ခွင်ထဲမှာ ထွေးဖက်ထားကာ နှစ်ကိုယ်စာကြားရုံလေး တီးတိုးဖွင့်ဟလာသည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now