Part - 19(Unicode)

95K 9.6K 1.1K
                                    

ခိုက် ရှားကိုကြိုဖို့ ဆေးရုံဘက်ကို ထွက်လာခဲ့သည်။ မနက်ကတည်းက စိတ်ဆိုးသွားတဲ့ ဆရာဝန်လေးကို သူ အပြေးလိုက်ချော့ချင်ပေမယ့် တစ်ဖက်မှာကလည်း စီစဉ်ထားပြီးမှ ကြားလူဝင်ရှုပ်လို့ ပျက်တော့မလိုဖြစ်နေတဲ့ ကစားပွဲကို အချိန်မှီဝင်နွှဲရဦးမှာမို့ ရှားကိုမချော့ပဲ ပစ်ထားမိခဲ့သည်။ ဒီကြားထဲ မခေါ်ပဲရောက်လာတဲ့ ဧည့်သည်ကြောင့် စိတ်ကလည်း ရှုပ်ရသေးသည်။

ခိုက် ဆေးရုံရောက်တော့ ရှား ဖုန်းကိုဆက်လိုက်တော့ ဖုန်းပိတ်ထားသည်လို့သာ ဖြေလာသည်။ အလုပ်ရှုပ်နေလို့နေမှာပါ ဆိုပြီး နာရီဝက်လောက် ကားပေါ်မှာထိုင်စောင့်နေလိုက်သည်။ နောက်တော့မှ ဖုန်းတစ်ခါထပ်ခေါ်ကြည့်တော့လည်း စက်ပိတ်ထားသည်သာ ဖြေလာတာကြောင့် ခိုက် မျက်ခုံးတို့ တွန့်ချိုးသွားသည်။

ကားပေါ်ကဆင်းပြီး ဆေးရုံရဲ့ reception မှာ ရှားကိုမေးလိုက်တော့ ဂျူတီဆင်းသွားတာ တစ်နာရီလောက်ကြာပြီလို့ ပြောလာသည့်အတွက် ခိုက် ချက်ချင်းပဲ ကားဆီကို အမြန်ပြန်လာလိုက်သည်။

“ ဟဲလို… မိုးထိဘွား… ရှားကို အခုချက်ချင်းလိုက်ရှာ… မြန်မြန်ရှာ.. မတွေ့မချင်း မင်းတို့မနားနဲ့ .. ”

မိုးထိဘွားကို ဖုန်းဆက်ပြီးတော့ ရှားသွားတတ်တဲ့နေရာတွေကို ခိုက် အမြန်စဉ်းစားလိုက်သည်။ အပြင်သွားရတာ မကြိုက်တဲ့ရှားက များသောအားဖြင့် အိမ်မှာနေပြီး အိပ်နေတတ်တာပဲများသည်။

ဂေဟာများသွားနေလားဆိုပြီး ခိုက် သွားမေးကြည့်ပေမယ့် ရောက်မလာဘူးသာ ပြောလာသည်ကြောင့် ခိုက် စိတ်ပျက်လက်ပျက်နဲ့ ကားနောက်ကိုမှီပြီး နားထင်ကိုလက်ထောက်ရင်း စဉ်းစားနေမိသည်။

မနက်က ရှားစိတ်ဆိုးသွားတာကို သိပေမယ့် ဒီလောက်ထိ စိတ်ဆိုးသွားမယ်လို့ ခိုက် မထင်မိခဲ့။ ပုံမှန်ဆိုရင်လည်း လူတစ်ယောက် စိတ်ဆိုးစိတ်ကောက်တာကို သတိုးရှန်ခိုက်က ဂရုစိုက်နေမယ့်ကောင် မဟုတ်။

ရှားဖြစ်နေလို့သာ သူ ဒီလောက်ထိ အသည်းအသန် ဖြစ်နေရခြင်းဖြစ်သည်။ နောက်ဆုံးတော့ ရှားရှိနိုင်မယ့်နေရာကို သူ စဉ်းစားမိသွားသည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now