Part - 16(Unicode)

100K 9.1K 1.5K
                                    

ရှား ဧည့်ခန်းထဲမှာထိုင်ပြီး စာအိတ်ထဲကို တစ်သောင်းတန် အရွက်နှစ်ဆယ်လောက် ထည့်လိုက်သည်။ ပြီး‌တော့ ဝယ်လာတဲ့ သွားတိုက်တံ, ဆပ်ပြာနဲ့ တစ်ကိုယ်ရည် အသုံးအဆောင်တွေကိုလည်း အထုပ်လေးတွေ တစ်ထုပ်စီထုပ်ပြီး စီထားလိုက်သည်။ ခိုက်ကတော့ အလုပ်ရှုပ်နေတာ တစ်ပတ်လောက်ရှိပြီမို့ ဒီရက်ပိုင်းထဲမှာ ရှားနဲ့တောင် စကားသိပ်မပြောဖြစ်။ ရှားနဲ့နမ်းမိတော့မလို ဖြစ်သွားတဲ့အခြေအနေကြောင့် ရှားဘက်က ရှောင်နေတာလည်းပါသည်။

ဒီနေ့တော့ ရှား နားရက်ရတာကြောင့် ရှားကိုမွေးစားခဲ့တဲ့ မိဘမဲ့ကျောင်းလေးကို တစ်လတစ်ခါ ပုံမှန်လှူနေကြဖြစ်တဲ့ ငွေပဒေသာပင်လည်းလှူရင်း ကလေးတွေအတွက် လိုအပ်တာတွေလည်း ပေးချင်တာကြောင့် ရှားသွားဖို့ပြင်ထားသည်။ ရှားအလုပ်ရှုပ်နေတုန်းမှာပဲ မိုးလင်းကတည်းက အရိပ်အယောင်တောင် မတွေ့ရသေးတဲ့ ခိုက်က အိမ်ပြန်ရောက်လာသည်။ အထုပ်အပိုးတွေကြားထဲမှာ အလုပ်ရှုပ်နေတဲ့ရှားအနားကို ခိုက်ကဝင်ထိုင်လာသည်။

" ဘာတွေလုပ်နေတာလဲ... ရှား.."

" ငါ ဒီနေ့နေ့လယ်သွားစရာရှိတယ်.. ညနေလောက်မှ ပြန်ရောက်မယ်ထင်တယ် ..."

" ဘယ်သွားမလို့လဲ ... ကိုယ် သိခွင့်ရှိမလား... "

ခိုက်က ခွင့်တောင်းသလိုလေး မေးလာတာကြောင့် ရှား ခေါင်းညိတ်ပြလိုက်သည်။

" ငါ ငယ်ငယ်ကနေခဲ့တဲ့ နေရာကိုသွားမလို့... အလှူငွေလည်းပေးရင်း ကလေးတွေကိုလည်း ကျန်းမာရေးစစ်ပေးရမယ့် အချိန်ရောက်ပြီဆိုတော့ အဲ့ဒါသွားမလို့... "

" ကိုယ် လိုက်လို့ရမလား... "

ခိုက်က ထင်မှတ်မထားတာကို မေးလာသည်ကြောင့် ရှား ခိုက်ကို မော့ကြည့်လိုက်သည်။ သူကြည့်လိုက်တော့ ခိုက်ကမျက်ခုံးပင့်ပြပြီး သူ့ဆီကအဖြေကို စောင့်လို့နေသည်။ တကယ်ဆို သူလည်း အစက ခိုက်ကိုခေါ်သွားဖို့ တွေးထားသည်။ ဒါပေမဲ့ ခိုက်က ဒီရက်တွေထဲမှာ အလုပ်တွေများနေသည့်အတွက် သူတစ်ယောက်တည်းပဲ သွားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာဖြစ်သည်။

" မင်းက အလုပ်အားလို့လား... "

" အင်း... ဒီနေ့ချိန်းထားတာ တစ်ခုတော့ရှိတယ် ... သိပ်အရေးမကြီးပါဘူး... နောက်နေ့ရွေ့လိုက်မယ်... ဒီရက်တွေထဲမှာ ရှားကိုပစ်ထားမိသလို ဖြစ်နေလို့... "

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now