Part - 38(Unicode)

92.7K 8.8K 851
                                    

ရှားတို့ဂေဟာက ပြန်လာတော့ နေ့လယ်နှစ်နာရီလောက်သာ ရှိသေးသည်ကြောင့် ရှားက ရေချိုးအဝတ်အစားလဲပြီး အိပ်ရာထက်မှာ လူးလိမ့်လို့နေသည်။

ခိုက်ကတော့ ပြန်လာကတည်းက ဖုန်းပြောနေသည်မှာ ရှား ရေချိုးပြီးတဲ့အထိ မပြီးနိုင်သေးတာကြောင့် အိပ်ရာထက်မှာ လှဲနေရင်းကနေ ဆိုဖာပေါ်ထိုင်ကာ ခြေချိတ်ပြီး ဖုန်းပြောနေတဲ့ခိုက်ကို ဂျိုကြည့်,လှမ်းကြည့်လိုက်သည်။

ခိုက်က ရှား ဘာဖြစ်နေလဲဆိုတာကို သတိမထားမိပဲ တစ်ဖက်လူနဲ့ ရယ်မောရင်းသာ စကားပြောနေသည်။

ဘုတ်!!

ဖုန်းပြောနေရင်းနဲ့ လွင့်ပျံလာတဲ့ ခေါင်းအုံးတစ်လုံးကို ခိုက် လက်နဲ့ဖမ်းကာ တားလိုက်သည်။

ခိုက်က ဖုန်းပြောနေရင်းနဲ့ မျက်စပစ်ပြလိုက်တော့ ကုတင်ပေါ်က အမျိုးသားလေးက ခိုက်ကိုဂရုမစိုက်ပဲ ခေါင်းအုံးနောက်တစ်လုံးနဲ့ ပေါက်ဖို့ရွယ်နေသည်မို့ ထိုင်နေရာက ထ,သွားလိုက်ပြီး ခေါင်းအုံးကိုင်ထားတဲ့ လက်လေးကို ဖမ်းချုပ်ထားလိုက်သည်။

" အင်း.. ကိုအဂ်... ကိုယ် ပြန်လာရင် ကိုအဂ်ကို တစ်ခင်းပေးမယ်.. ဟား.. ဟား.. အိုကေ အိုကေ see you "

ခိုက် ဖုန်းကိုစားပွဲထက် ပစ်တင်လိုက်ပြီး ပေစောင်းစောင်းနဲ့ ကြည့်နေတဲ့ ရှားနဖူးလေးကို လက်ညှိုးနဲ့ဖွဖွလေး တောက်လိုက်တော့ ခိုက် လက်ညှိုးကို ဖမ်းဆွဲပြီး ပါးစပ်ထဲထည့်ကာ သွားနဲ့ ကိုက်ခဲလို့ထားသည်။

နာကျင်မှုတို့ရှိပေမယ့် ခွေးပေါက်လေးတစ်ကောင်လို မာန်ဖီနေတဲ့ရှားက ချစ်ဖို့ကောင်းလွန်းနေတာကြောင့် ခိုက် မရုန်းပဲငြိမ်ခံနေလိုက်သည်။ ခဏကြာတော့ လက်ကိုကိုက်ထားရင်းနဲ့ပဲ ခိုက်ကိုမော့ကြည့်ပြီး မေးလာသည်။

" မနာဘူးလား "

" ကိုယ် ပြန်ကိုက်ပြရမလား "

ခိုက် ရယ်ကျဲကျဲနဲ့ ပြောလိုက်တော့ ကိုက်ခဲထားတဲ့လက်ကို လွှတ်ပေးလာပြီး တစ်ဖက်စောင်းအိပ်သွားသည်။ ခိုက်က ပခုံးလေးကို ဆွဲလှည့်ရင်း ပက်လက်ပြန်ဖြစ်စေသည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now