Part - 26(Unicode)

93.1K 8.5K 830
                                    

လက်ထဲက အပူခံဘူးကို မသောက်ပဲ ဟိုလှည့်ဒီလှည့် လုပ်နေတဲ့ရှားကို ခိုက် ကားမောင်းနေရင်းနဲ့ ခဏခဏ လှည့်ကြည့်နေရသည်။ မနက်မိုးလင်းထဲက ဘာကို အလိုမကျဖြစ်နေမှန်း မသိတဲ့အနာဂတ်လေးကြောင့် ခိုက်လည်း စကားများများစားစား မပြောဖြစ်ပဲ ရှားကိုသာ အရိပ်အခြေကြည့်ပြီး နေလိုက်သည်။

ပြီးခဲ့တဲ့တစ်ရက်ကမှ အသစ်လုပ်ထားတဲ့ မျက်မှန်အဝိုင်းလေးနဲ့ ရှားက ပိုပြီးနုနယ်လို့သွားသည်။ ဒါပေမယ့် စိတ်မကြည်နေတာကြောင့် မျက်နှာလေးက မှုန်ကုပ်ကုပ်ဖြစ်လို့နေသည်။ မျက်ခုံးတန်းတို့ကလည်း ခဏတိုင်းဆိုသလို တွန့်ချိုးလို့နေသည်။

ခဏကြာတော့ သက်ပြင်းအရှည်ကြီးချပြီး ခိုက်ဘက်ကို လှည့်ကြည့်လာတာကြောင့် ခိုက်က ' ဘာပြောချင်လို့လဲ ' ဆိုတဲ့သဘောနဲ့ မေးဆတ်ပြလိုက်သည်။ အဲ့လိုကျပြန်တော့လည်း ဘာမှမပြောပဲ ခေါင်းခါပြီး လက်ထဲကဘူးကို တွေတွေကြီး စိုက်ကြည့်နေပြန်သည်။

" ဘာဖြစ်လို့လဲ... ရှား... နေလို့အဆင်မပြေသေးဘူးလား "

" ပြေပါတယ် "

" ကိုယ့်ကို ပြောစရာရှိနေလား "

" မရှိပါဘူး "

" ဒါဆို ဘာလို့ သက်ပြင်းခဏခဏချနေတာလဲ "

" ဘာမှမဖြစ်ပါဘူး "

ဘူးတစ်လုံးဆောင်ပြီး ငြင်းနေတဲ့ဆရာဝန်လေးကို ခိုက်လည်း မလျှောက်တတ်တော့တာကြောင့် ငြိမ်နေလိုက်သည်။ အခုတလော ဉတုရှားမြတ်ရဲ့ စိတ္တဗေဒက အပြောင်းအလဲမြန်နေသည်။ တစ်ခါတစ်လေလည်း အကြောင်းအရင်း မယ်မယ်ရရမရှိပဲ ခိုက်ကို ပြဿနာရှာတတ်သည်။

သူသောက်ကျနွားနို့ကို ပုံမှန်ကျိုနေကျအတိုင်း လုပ်ပေးတာကိုပင် တစ်ရက်က ရေကျဲလိုက်, တစ်ရက်က ပျစ်သွားလိုက်, နောက်တစ်ရက်ကျ မလိုင်ဖတ်မကြိုက်ဘူးပြောလိုက်, နောက်နေ့ကျ မလိုင်မပါဘူးလားမေးလိုက်နဲ့ တစ်မျိုးမဟုတ်တစ်မျိုး အလိုမကျဖြစ်နေတတ်သည်။

တစ်ရက်ကလည်း ခိုက်က ' နွားနို့သောက်ရတာ အီလာရင် ကော်ဖီပြောင်းသောက်မလား ' မေးလိုက်မိတာကို သူ့အတွက် နွားနို့ကျိုပေးရတာက အဲ့လောက်တောင်ခက်ခဲနေလို့လား ဆိုကာ တစ်နေကုန်စိတ်ဆိုးပြီး စကားမပြောပဲနေသည်ကြောင့် ခိုက်မှာ မချော့တတ်ချော့တတ်နဲ့ မနည်းချော့လိုက်ရသည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now