Part - 34(Zawgyi)

14.5K 1.6K 106
                                    

ခိုက် ဘေးနားမှာ ငြိမ်ငြိမ်လေးလိုက်လာတဲ့ ရှားကို ခေါင်းငဲ့ပြီးကြည့်လိုက်သည်။ ခံစားချက်တွေဖွင့်ပြောဖြစ်တဲ့ ညနောက်ပိုင်းကစပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရင်လိုပြန်မဖြစ်သေးပေမယ့် ရှားဘက်က အရမ်းခါးခါးသီးသီး ဖြစ်မနေတော့ပါ။

နွေးထွေးမှုတွေ ပြန်မရသေးပေမယ့် အေးစက်မာကြောမှုတွေ မရှိတော့တာကြောင့် ခိုက် ဖြေသာနေရသည်။ ရှားအတွက် ကိုယ်ပိုင်အချိန်တစ်ချို့ လိုအပ်နေသေးတာကြောင့် ခိုက်ဘက်က အရိပ်တကြည့်ကြည့်နဲ့သာ စောင့်ကြည်နေမိသည်။

" ရှား အဆင်ပြေရဲ့လား "

လက်သွယ်သွယ်လေးနှစ်ဖက်ကို စုကိုင်ပြီး စိတ်လှုပ်ရှားတိုင်း လုပ်တတ်တဲ့ လက်ညှိုးနဲ့လက်မကို ထိုးဆိတ်နေတာကြောင့် ခိုက် မေးလိုက်တော့ ခိုက်ကိုမကြည့်ပဲ ခေါင်းညိတ်ပြလာသည်။ မနေ့မနက်က မာမီက လေဆိပ်ဆင်းလာပြီးဖြစ်ကြောင်း ခိုက်ကို အကြောင်းကြားလာသည်မို့ အခု ခိုက်တို့လာကြိုခြင်းဖြစ်သည်။

မာမီကိုသွားကြိုရမယ်ဆိုတဲ့အကြောင်း ရှားကိုပြောပြလိုက်ပြီး ရှား အဆင်ပြေရင် သူနဲ့အတူတူ မာမီကို လိုက်ကြိုစေချင်ကြောင်း ပြောလိုက်တော့ တစ်ချက်တွေဝေသွားပေမယ့် သဘောတူလက်ခံလာသည်။

လေဆိပ်ရောက်တော့ မိုးထိဘွားက ကားတံခါးဖွင့်ပေးလာသည်။ ခိုက်က အရင်ဆင်းလိုက်ပြီး ရှားကို စောင့်ကာခေါ်လိုက်သည်။ လေယာဉ်ချိန်လိုသေးတာကြောင့် ခိုက်တို့ အရင်ကနေဖူးတဲ့ နားနေဆောင်မှာပဲ စောင့်နေလိုက်သည်။

" စိတ်လှုပ်ရှားနေတာလား "

" နည်းနည်း "

သက်ပြင်းခဏခဏချနေတဲ့ရှားကြောင့် ခိုက် မနေနိုင်စွာပဲ မေးကြည့်လိုက်တော့ ခပ်တိုးတိုးလေး ပြန်ဖြေလာသည်။ ခိုက်က ရှားပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင်စေလိုက်တော့ public aera မှာ ဖြစ်နေသည်ကြောင့်လားမသိ ငြင်းဆန်တဲ့ အမူအယာမျိုးမပြဘဲ ခိုက်ကို မော့ကြည့်လာသည်။ ခိုက်က ရှားမျက်ဝန်းတွေကို မြတ်မြတ်နိုးနိုး ငေးမောကြည့်ရင်းသာ ပြောလာသည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now