Part - 12(Unicode)

107K 10.3K 1K
                                    

" နေဦး… ခိုက်.. ငါ မင်းကို ပြန်ချစ်ဖို့ အခုကစပြီး တွေးကြည့်ပေးမယ်.. ”

သူ့ကိုမကြည့်ပဲ မြေကြီးကိုငုံ့ကြည့်ပြီး တိုးတိုးလေးပြောလာတဲ့ရှားကို ခိုက် အချိန်တစ်ခုကြာတဲ့အထိ ငေးကြည့်နေမိသည်။ စဉ်းစားပေးမယ်လို့ ပြောလိုက်တာလေးကိုပင် သူ့ရင်ဘတ်ထဲက နှလုံးခုန်သံတွေက အဆမတန်မြန်လာသည်။

ဘာပဲဖြစ်ဖြစ် မချစ်နိုင်ဘူးလို့ ယတိပြတ်ငြင်းနေတာထက်စာရင် ဒါက အခြေအနေ ပိုကောင်းလာတယ်လို့ ပြောလို့ရတယ်မလား။

ရှားဘက်က မူလစမှတ်မှာပဲ ကြိုနေပါစေဦးတော့ … ကိုယ်ကပဲ ရှားရှိနေတဲ့ စ,မှတ်လေးကို ရောက်အောင်လာခဲ့ပါမယ်။

ရှားရပ်နေတဲ့ မျက်နှာချင်းဆိုင်ကို အနီးကပ်ဆုံးအထိ ခိုက် တိုးလာမိသည်။ နီရဲနားရွက်ဖျားလေးကြောင့် ရှားရှက်နေတာကိုလည်း သူ နားလည်ပါသည်။ ခံစားချက်တွေကို ဖွင့်ပြဖို့ခဲယဉ်းလွန်းတဲ့ ဒီလူသားလေးက ဒီစကားကိုပြောဖို့ အားယူခဲ့ရရှာမှာပေါ့။

“ ကိုယ် ရှားကို ဖက်ထားချင်လိုက်တာ ”

ခိုက် ပြောမိတော့ အလန့်တကြားနဲ့ မော့ကြည့်လာတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက ခိုက်ရဲ့ကမ္ဘာမှာ ဖြစ်တည်နေတဲ့ သီးသန့်ကြယ်စုလေးတစ်ခု။ ခိုက်က ကောင်းကင်ကြီးဖြစ်မယ်ဆိုရင် ရှားက သူ့ကမ္ဘာကို အလင်းပေးမယ့် ကြယ်စုလေးပဲဖြစ်လိမ့်မည်။

နေ့အလင်းရောင်ကြောင့်ပဲဖြစ်ဖြစ် လမင်းရောင်ကြောင့်ပဲဖြစ်ဖြစ် မှေးမှိန်လို့နေပါစေဦးတော့ ကောင်းကင်ထက်မှာတော့ ကြယ်စုလေးတွေက အမြဲရှိနေခဲ့တာပဲ မဟုတ်လား။

“ အဟက်… အဲ့လောက် မလန့်သွားပါနဲ့ကွာ… ရှားရဲ့ကျင်လည်နေရတဲ့ အသိုင်းအဝိုင်းကြားမှာ ရှားကို အခက်တွေ့အောင် ကိုယ် မလုပ်ပါဘူး..  ”

“ အင်း… ဒါနဲ့ မင်း သောက်လာတာလား ”

နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း မေးလာတဲ့ရှားကြောင့် ခိုက် ခေါင်းငုံ့ရင်း ကိုယ့်ကိုပြန်ပြီး အနံ့ခံလိုက်သည်။

“ အနံ့ထွက်နေလို့လား … နည်းနည်းပဲ သောက်ခဲ့တာပါ… ”

“ နည်းနည်း.. ပြန်တော့လေ.. ညနက်နေပြီ… ကားကိုဂရုစိုက်မောင်း.. ”

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now