Part - 25(Unicode)

98.6K 8.9K 845
                                    

ခိုက် စံအိမ်ကနေ ပြန်လာပြီး​တော့ S Group ရဲ့ Luxury Furniture Showroom ကို ဦးတည်လိုက်သည်။ ခိုက်ကို ဘယ်သူမှန်းမသိသေးတဲ့ အရောင်းဝန်ထမ်းတွေသာမက customer အချို့ကလည်း ခပ်ချောချောအမျိုးသားတစ်ယောက်တည်းက home accessories တွေ လာဝယ်နေတာကို ကြုံတောင့်ကြုံခဲ့မြင်ရသည်မို့ မျက်တောင်မခတ်တမ်း လိုက်ကြည့်နေကြသည်။

ခိုက်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ရှားသဘောကျလောက်မယ့် ဧည့်ခန်းပရိဘောဂတွေကိုသာ အသေအချာရွေးလို့နေသည်။ လိုချင်တဲ့အသုံးအဆောင်တွေကို လက်ညှိုးထိုးပြပြီး ငွေရှင်းလိုက်တော့ ငွေပမာဏက သုညခုနစ်ထက်မနည်းပေ။

" လူကြီးမင်းရှင့်... ပစ္စည်းပို့ရမယ့် လိပ်စာလေးပြောပေးပါရှင့် "

ငွေရှင်းကောင်တာက ကောင်မလေးက လိပ်စာတောင်းတော့ မိုးထိဘွားက လိပ်စာကတ်ကို ထုတ်ပေးလာသည်။

" ညနေအရောက်ပို့ပေး "

" ဟုတ်... ဟုတ်ကဲ့ပါရှင့် "

ခိုက်က တစ်ခွန်းသာပြောပြီး အပြင်ကိုထွက်သွားသည်ကြောင့် မိုးထိဘွားလည်း နောက်ကနေသာ အမြန်လိုက်လာရတော့သည်။

>>>>>>>>>>

ကားမောင်းနေရင်းနဲ့ နောက်ကြည့်မှန်ကနေ ခဏခဏလှမ်းကြည့်နေတဲ့ မိုးထိဘွားကြောင့် ခိုက် tablet ကို ကြည့်နေရာကနေ မိုးထိဘွားဆီ အကြည့်လွှဲလိုက်သည်။

" ပြောစရာရှိလို့လား "

" ဗျာ.. ဟုတ်... တစ်ခုတော့ရှိပါတယ် "

" ဘာလဲ ပြော... ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြော.. "

" ဂိုဏ်းဘက်က အကြောင်းကြားလာလို့ပါ... ပစ္စည်းတွေသိမ်းချိန်ရောက်နေပြီတဲ့... အဲ့ဒါ အစ်ကိုလေး ဘယ်တော့ပြန်လာမလဲဆိုပြီး မေးနေကြတယ် "

ခိုက် မျက်ခုံးစပ်နေရာကို လက်ညှိုးနဲ့သာသာကုတ်ခြစ်ရင်း ကားမှန်အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။

" နှစ်ပတ်လည်က နောက်နှစ်ပတ်နေရင်မလား "

" ဗျာ... ဟုတ်.. ဟုတ်ကဲ့.. နောက်လပထမအပတ်ရဲ့ တနင်္ဂနွေနေ့ပါ.. "

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now