Finale - 2(Unicode)

132K 9.8K 1.9K
                                    

ခိုက် သတိပြန်ရလာပြီ ဆိုတဲ့အကြောင်း ဆရာဝန်ကြီးတွေကို အကြောင်းကြားပြီးတဲ့နောက်မှာတော့ ခိုက် ကို စစ်ဆေးစရာရှိတာတွေ စစ်ဆေးပေးဖို့ ရောက်လာကြသည်။ ကိုလင်းနဲ့ မပိုးလည်း သတင်းကြားကြားချင်း အပြေးရောက်လာပြီး ရှား ဘေးနားမှာ ရပ်စောင့်ပေးနေကြသည်။

" စိုးရိမ်စရာ မရှိတော့ပါဘူး... လူနာက တစ်လနီးပါးလောက် သတိမေ့နေခဲ့တာဆိုတော့ အာရုံကြောတွေ အနည်းအကျဥ်းတော့ တုံ့ဆိုင်းနေတာမျိုး ဖြစ်နေပါလိမ့်မယ်... ဒါကလည်း ခဏပါပဲ...

ဒေါက်တာရှားမြတ်လည်း ရှိနေတာဆိုတော့ ကျန်တာတွေတော့ ဆရာတို့ ဘာမှထွေထွေထူးထူး မမှာတော့ပါဘူး... အရမ်းလှုပ်ရှားတာမျိုး မလုပ်သေးပဲ အနားယူလိုက်ပါဦး "

ဆရာဝန်ကြီးတွေကို ကိုလင်းက ပြန်လိုက်ပို့ဖို့ အပြင်ထွက်သွားသည်။ မိုးထိဘွားကတော့ လိုအပ်တွေဆေးတွေဝယ်ဖို့ သူနာပြုဆရာမလေးက ပြောလာတာကြောင့် ဆေးကောင်တာကို လိုက်သွားသည်။ အခန်းထဲမှာ မပိုးနဲ့ ရှားပဲကျန်ခဲ့တာမို့ ကုတင်ထက်မှာ လှဲနေတဲ့ခိုက် အနားကို ရှား တစ်လှမ်းချင်းတိုးလာခဲ့သည်။

" ရှား!! " " မြတ်!! "

ခိုက်အနားကို တရွေ့ရွေ့တိုးလာတဲ့ လူသားလေးက ကုတင်နားမရောက်ခင်မှာပဲ အရုပ်ကြိုးပြတ် ပုံကျသွားသည်မို့ ခိုက်ရော မပိုးပါ စိုးရိမ်တကြီးနဲ့ အော်မိသွားသည်။

>>>>>>>>>>

ကုတင်ထက်မှာ ဆေးပိုက်တန်းလန်းနဲ့ အိပ်မောကျနေတဲ့ လူသားလေးကို ခိုက် မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ ကိုလင်းက သူသတိမေ့နေတဲ့ တစ်လနီးပါး အခြေအနေကို အသေးစိတ်ပြောပြလာတော့ ခိုက် ဟန်မဆောင်နိုင်စွာပဲ မျက်ရည်ကျမိသည်။

မာမီ့ကိုလည်း မလာစေပဲ သူတစ်ယောက်တည်း ဒုက္ခခံနေခဲ့တာပဲ။ ဒီလူသားလေးကို မနာကျင်စေရဘူးလို့ အထပ်ထပ် ကြွေးကြော်ထားပေမယ့်လည်း သူကိုယ်တိုင်ကပဲ ရှားရဲ့မျက်ရည်မိုးတို့ကို ရွာသွန်းစေသူဖြစ်နေပြန်သည်။

( ဘယ်လောက်များတောင် ပင်ပန်းနေခဲ့မလဲ ... အချစ်ရယ် )

ခိုက်ကိုယ်တိုင်ကလည်း နေရတာသိပ်အဆင်မပြေတာကြောင့် ထိုနေ့ညကတော့ မိုးထိဘွားကပဲ ဆရာသမားနှစ်ယောက်ရဲ့ လူနာစောင့်တာဝန်ကို ဆက်ခံယူလာသည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now