Part - 27(Unicode)

90.2K 8.5K 1.3K
                                    

တရိပ်ရိပ်နဲ့ မောင်းနှင်လာတဲ့ကားလေးက လေဆိပ်ဝင်းထဲကို ရောက်လို့လာသည်။ ခိုက်နဲ့ရှားက နောက်ခန်းမှာထိုင်နေပြီး ထက်ဖြိုးက မောင်းသူနေရာမှာရှိနေကာ မိုးထိဘွားက lover seat မှာ ထိုင်လိုက်လာသည်ကြောင့် ကားရပ်တော့ မိုးထိဘွားက အရင်ဆင်းပြီး ကားတံခါးဖွင့်ပေးလာသည်။

ခိုက်ကအရင်ဆင်းလိုက်ပြီး ရှားကိုလက်ကမ်းပေးလိုက်သည်။ ရှားကလည်း ကမ်းလင့်လာတဲ့လက်ကို ဆုပ်ကိုင်ပြီး လေဆိပ်နားနေဆောင်ထဲကို နှစ်ယောက်အတူတွဲလျှောက်လာသည်။ ဒါက public aera ထဲမှာ သူတို့နှစ်ယောက် ပထမဆုံးအတူတွဲလျှောက်ခြင်းလည်းဖြစ်သည်။

တစ်ချို့ကတော့ အမျိုးသားနှစ်ယောက် အတူတွဲလာတာကို စပ်စပ်စုစုနဲ့ အားမနာတမ်းကြည့်နေကြပေမယ့် အများစုကတော့ သူတို့နဲ့မဆိုင်သလိုသာ နေကြသည်။ မိုးထိဘွားနဲ့ တခြားသူတွေကတော့ ခိုက်တို့နဲ့ ခပ်လှမ်းလှမ်းကနေ လိုက်လာသည်။

VIP အဆောင်ဘက်က နားနေဆောင်မှာ ခိုက်တို့ ထိုင်နေပြီး လေယာဥ်ချိန်ကို စောင့်နေကြသည်။ ခိုက်က ရှားလက်ကိုဖွဖွလေးဆုပ်ကိုင်လိုက် နှုတ်ခမ်းနားကပ်ပြီးနမ်းလိုက်နဲ့ အလုပ်များနေသည်။ သက်ပြင်းတွေလည်း ခဏခဏချနေသည်ကြောင့် ရှားကပြုံးလိုက်ပြီး ခိုက်ကိုပခုံးကနေဖက်ပြီး ကျောပြင်ကို အသာအယာပွတ်သပ်ပေးလိုက်သည်။

" ဘာလို့ သက်ပြင်းတွေ အရမ်းချနေတာလဲ ... ရုပ်ဆိုးသွားဦးမယ် "

" လိုက်ခဲ့ပါလားကွာ... မောင် ရှားကို တစ်ယောက်တည်း မထားခဲ့ချင်ဘူး "

" တစ်ယောက်တည်းမဟုတ်ပါဘူး... မပိုးတို့ကိုလင်းတို့လည်း ရှိတာပဲကို... ပြီးတော့ ငါကြည့်ရမယ့်လူနာတွေလည်း ရှိသေးတယ်လေ "

ရှား ပြောလိုက်တော့ ခိုက်က မျက်နှာကိုတည်ပြီး တစ်ဖက်လှည့်သွားသည်မို့ ရှား ပြုံးမိပြန်သည်။

ဘာလဲ... ဒါက သတိုးရှန်ခိုက်တို့ စိတ်ကောက်ကြောင်းပြတဲ့ အမူအရာလား...။

ခဏကြာတော့ ရှားဘက်ကိုလှည့်ပြီး မေးလာပြန်သည်။

" လူနာတွေနဲ့ မောင်နဲ့ နှစ်ယောက်ထဲက တစ်ယောက်ရွေးရမယ်ဆို ရှား ဘယ်သူ့ကိုရွေးမှာလဲ "

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now