Part - 23(Unicode)

111K 9.1K 1.6K
                                    

ရှားတစ်ယောက် အိမ်ထဲမှာ နာရီတကြည့်ကြည့်နဲ့ ဝရန်တာဘက်ထွက်လာလိုက် ဧည့်ခန်းကထိုင်ခုံမှာ ပြန်ထိုင်လိုက်နှင့် အလုပ်များနေသည်။ ဒီနေ့ ဂျူတီနားရက်မို့ တစ်နေ့လုံး ခိုက်နဲ့နှစ်ယောက်သား အိမ်သန့်ရှင်းရေး လုပ်နေကြတုန်း ကိုရှင်းပြည့်ကအားရင် သူနဲ့အဖော်သောက်ပေးပါဦးဆိုပြီး ဖုန်းဆက်ခေါ်လာသည်။ ခိုက်က မသွားဘူးပြောပေမယ့် ရှားကပဲ ‘ ကိုရှင်းပြည့်မှာ ရင်ဖွင့်စရာရှိလို့နေလိမ့်မယ် သွားလိုက်ပါ ’ဆိုပြီး လွှတ်လိုက်ခြင်းဖြစ်သည်။

အရမ်းနောက်ကျအောင်မနေဖို့ မှာလိုက်ပေမယ့် ဆယ့်တစ်နာရီထိုးခါနီးအထိ ခိုက်ကပြန်မရောက်သေးတာကြောင့် ရှား မျှော်နေရသည်။ ဖုန်းဆက်ပြီးလည်း မမေးချင်တာကြောင့် အခန်းထဲမှာပဲ ဟိုလျှောက်ဒီလျှောက်လုပ်နေသည်။ ဆယ်မိနစ်လောက်ကြာပြီးတော့ ခိုက်ရဲ့ကားလေး အိမ်ရာဝင်းထဲဝင်လာတာကို ရှားတွေ့လိုက်တာကြောင့် အိမ်တံခါးဖွင့်ပြီး ခိုက်အလာကို စောင့်နေလိုက်သည်။ တံခါးဖွင့်ထားပြီး အိမ်အပေါက်ဝမှာ ရပ်နေတဲ့ရှားကိုတွေ့တော့ ခိုက် အံ့ဩသွားသည်။

“ ရှား… မအိပ်သေးဘူးလား .. နောက်ကျနေပြီကို ”

“ မင်းမှ ပြန်မလာသေးတာကို ”

ခိုက်က အိမ်ထဲဝင်လာပြီး စီးထားတဲ့ရှူးဖိနပ်ကို ချွတ်နေတော့ ရှားက အိမ်တွင်းစီးဖိနပ်ကို ဖိနပ်စင်ထဲကနေ ထုတ်ပေးလာသည်။

“ ကျေးဇူး ”

ခိုက်က ရှားကိုကြည့်ပြီး ပြောလာတော့ ရှား ခေါင်းညိတ်ပြလိုက်သည်။ ပြီးတော့ နှစ်ယောက်သား ဧည့်ခန်းထဲ လျှောက်လာသည်။

“ ကိုယ် နည်းနည်းနောက်ကျသွားတယ်… ကိုပြည့်ကို အိမ်ပြန်လိုက်ပို့ပေးနေရသေးလို့ ”

“ အင်းပါ… မင်း ရေချိုးဦးမှာလား ”

“ အင်း.. ချိုးမယ်.. ကိုယ် နည်းနည်းသောက်လာတယ်.. အနံ့ထွက်နေမှာ.. ရှား အိပ်ချင်ရင်အိပ်နှင့်လေ… ကိုယ်လည်း ရေချိုးပြီးရင်အိပ်မှာ… ဒါမှမဟုတ် ကိုယ့်ကို ခဏစောင့်ပေးနိုင်မလား … ”

“ မင်း ရေချိုးတာကို စောင့်ပေးမယ် … ပြီးမှ အိပ်ရာဝင်မယ် ”

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now