Part - 5(Unicode)

128K 11.9K 2.5K
                                    

မနက်ခင်းနေရောင်ခြည်က မှန်တံခါးတွေမှတဆင့် အခန်းထဲကို  ဖြာကျလို့လာသည်။ မနေ့ကတစ်နေ့လုံး ရှား အပြည့်အဝ အနားယူလိုက်ရသည်မို့ အဖျားငွေ့တို့ကမရှိတော့။ ရှားကို ကောင်းကောင်းအနားယူဖို့ ပြောတဲ့ခိုက်ကိုတော့ မနေ့မနက်ပိုင်းက သူ့ကိုဆေးတိုက်ပြီး သူအိပ်ပျော်သွားတဲ့ အချိန်ထဲက မတွေ့မိတော့။

မိုးထိဘွားဆိုသူက ရှားကို အရိပ်ရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်နေတာကြောင့် ရှား အခန်းထဲမှာပဲ တစ်နေကုန်ငြိမ်နေရသည်။ သူကိုယ်တိုင်ကလည်း လှုပ်လှုပ်ရှားရှား သိပ်မလုပ်နိုင်သေးတာကြောင့်။

ဒေါက် … ဒေါက် … ဒေါက်

အိပ်ရာနိုးနေပေမယ့် မထသေးပဲ မျက်နှာကြက်ကို အကြောင်းမဲ့စိုက်ကြည့်နေစဉ် အခန်းတံခါးခေါက်သံ ကြားရတာကြောင့် ရှား ထ,ထိုင်လိုက်သည်။

“ ဟုတ်ကဲ့… ”

ရှား အသံပြုလိုက်တော့ မနေ့ကတစ်နေ့လုံး ပျောက်ချက်သားကောင်းနေသည့် ခိုက် ဖြစ်နေသည်။ အပေါ်ပိုင်းက အဝတ်အစားကပ်မနေပဲ အောက်ပိုင်းကတော့ ရေချိုးခန်းသုံး တဘတ်တစ်ထည်ကို ပတ်ထားသည်။ ရှားကိုတွေ့တော့ တစ်ချက်ပြုံးပြရင်း

“ ကိုယ့်ကြောင့် နိုးသွားတာလား ”

“ မဟုတ်ပါဘူး… နိုးနေတာကြာပါပြီ .. မထဖြစ်သေးတာ ”

“ ဟုတ်ပါပြီကွာ… စုတ်ဖွားလေး ”

ရှား ဆံပင်တွေကိုတစ်ချက် လာဖွသွားပြီး ရေချိုးခန်းဝင်သွားသူကို ကြည့်နေရင်း ရှားကိုယ်တိုင် မသိလိုက်ခင်မှာပဲ နှုတ်ခမ်းစူမိသွားသည်။

“ ငါ့ခေါင်းကိုများ လာဖွသွားသေးတယ်… လုပ်ချင်သလိုကို လုပ်နေတော့တာပဲ … လူကို သူမွေးထားတဲ့ ကလေးများထင်နေလား မသိဘူး ”

ရှားတစ်ယောက်တည်း ရေရွတ်နေရင်း ခြုံထားတဲ့စောင်ကို အကြောင်းမဲ့ရိုက်နေမိသည်။ ရှား ကုတင်ပေါ်က မဆင်းရသေးခင်မှာပဲ ခိုက်က ရေချိုးခန်းထဲ ပြန်ထွက်လာသည်။ bathrobe ကို လျှော့ရဲရဲဝတ်ထားတာကြောင့် ရင်ဘတ်တစ်ဝိုက်က အထင်းသားမြင်နေရသည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now