Part - 9(Unicode)

112K 10.8K 911
                                    

ရှား ဂျူတီချိန်းပြီး ထွက်လာတော့ ဆေးရုံဝင်းအပြင်ဘက်က ခပ်လှမ်းလှမ်းတစ်နေရာမှာ ခိုက် က ရပ်စောင့်နေသည်။ Over-sized ရှပ်လက်တိုအဖြူရောင်ကို slim fit pant အမည်းရောင်နဲ့ တွဲဝတ်ထားတဲ့ ခိုက် က လူအများကြီး ကြားထဲမှာ ရပ်နေတာတောင် ပေါ်လွင်နေသည်။ ဆံပင်တွေကို စည်းနှောင်မထားပဲ နောက်ကိုဒီအတိုင်း လှန်တင်ထားကြောင့် ယောကျာ်းဆန်တဲ့ မျက်နှာအနေအထားက ပိုပြီးထင်းလို့နေသည်။

အနီးအနားမှာရှိတဲ့လူတွေက ပေါ်တင်တစ်မျိုး ပုန်းလျှိုးကွယ်လျှိုးနဲ့တစ်ဖုံ ခိုက် ကို ကြည့်နေကြပေမယ့် သူကတော့ သတိထားမိပုံမပေါ်။ အပြင်ဘက်က ခုံတန်းတစ်နေရာမှာ ထိုင်ပြီး ဖုန်းပြောနေတာကြောင့် ရှား ထွက်လာတာကို ခိုက် မသိလိုက်။ ရှားက ခြေလှမ်းသွက်သွက် လှမ်းလိုက်ရင်း ခိုက် ရှိရာကို လျှောက်သွားပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။

“ အဟမ်း…”

“ အင်း… ပြောစရာမရှိတော့ရင် ဖုန်းချလိုက်တော့မယ်..”

ရှားကိုတွေ့တော့ ခိုက်က ဖုန်းချလိုက်သည်။ ပြီးတော့ မတ်တပ်ရပ်လိုက်ပြီး ရှားကို ပြုံးပြလာသည်။ ရှားကတော့ မှုန်တေတေနဲ့သာ ခိုက်ကိုကြည့်နေသည်။ ဒီကောင် ဇယားတွေအများကြီး ရှိနေတာတော့ မဟုတ်လောက်ပါဘူးနော်။ ထုတ်မေးလိုက်ရင် ကိုယ်က သူ့ကိုအရေးစိုက်နေတယ် ထင်မှာစိုးတာကြောင့် ခိုက်ကို တစ်ချက်စိုက်ကြည့်ပြီး အရှေ့ကနေ လျှောက်သွားတော့သည်။

အမြဲလိုလို ပြောင်းလဲနေတတ်တဲ့ ဒေါက်တာလေးရဲ့ နှလုံးသား ရာသီဉတုကြောင့် ခိုက် ကြောင်အပြီး အနောက်မှာ ကျန်နေခဲ့သည်။ မနက်က လမ်းခွဲလိုက်တဲ့ အချိန်ထိတောင် ရာသီဉတုက သူ့ဘက်ပါနေတဲ့ အနေအထားမှာ ရှိနေခဲ့သည်ကို အခုဘာကြောင့်များ ရွှေစိတ်တော် ပြောင်းလဲသွားရပြန်တာလဲ။ နှလုံးသားရဲ့ ရေသောက်မြစ်ကလေးက တကယ်ကိုပဲ နားလည်ရခက်ပါသည်။

>>>>>>>>>>

တစ်နေ့လုံး company နဲ့ ပတ်သက်တာတွေလည်း လေ့လာရင်း မြန်မာနိုင်ငံရဲ့ အထင်ကရ လည်ပတ်လို့ရမယ့် နေရာတွေလည်း မေးမြန်းရင်းနဲ့ ခိုက် တော်တော်အလုပ်ရှုပ်နေခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံး အနားယူ အပန်းဖြေတာမျိုးတွေ သီးသန့်မလုပ်ခဲ့ဖူးတော့ ထိုအရာတွေနဲ့ ပတ်သက်လာရင် သူ့ရဲ့လေ့လာနိုင်စွမ်းက သုညသာသာ,သာရှိသည်။ သူက အချိန်တိုင်း ရောင်းဝယ်ဖောက်ကားဖို့နဲ့ ဘယ်သူ့ကို ဘယ်လိုပညာပေးရမယ် ဆိုတာမျိုးသာ တွေးတောနေခဲ့ရသည်မို့။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now