Part - 14(Unicode)

103K 9.8K 2K
                                    

“ သူများတွေရဲ့ အချစ်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို ကိုယ်နားမလည်ဘူး.. ရှား.. ကိုယ်သိတဲ့ ကိုယ့်အချစ်မှာ အချစ်ခံရမယ့်ရှားရယ် .. ချစ်ပေးရမယ့်ကိုယ်ရယ်ပဲ ရှိတယ်.. ”

ရှားရဲ့မျက်ဝန်းထဲကို စူးစိုက်ကြည့်လိုက်ရင် သူ့နှလုံးသားထဲက ခံစားချက်တွေကို မြင်အောင်ပြမိသည်။ မျက်လုံးဆိုတာက စိတ်ရဲ့ထွက်ပေါက်ပဲ မဟုတ်လား။ အချစ်ကိုဖွဲ့နွဲ့ပြီး မပြောတတ်ပေမယ့် ရှားကိုမြတ်နိုးရတဲ့ အကြောင်းတွေကိုတော့ တစ်ချိန်ချိန်ကျရင် ရှားမျက်နှာလေးကို စက္ကန့်မလပ်ငေးကြည့်ရင်း ပြောပြပါဦးမည်။

( ကိုယ့်အချစ်တွေကို မြင်အောင်ကြည့်ပါ.. မောင်ရှား.. ကိုယ်က မင်းထင်ထားတာထက် ပိုပြီး မင်းကိုရူးသွပ်နေသူပါ… )

တိတ်ဆိတ်သွားတဲ့ ကားလေးထဲမှာ FM လိုင်းတစ်ခုက တိုက်ဆိုင်စွာပဲ ထုတ်လွှင့်လာတဲ့ သီချင်းကို နှစ်ယောက်လုံး အာရုံစိုက်ပြီး နားထောင်မိသွားသည်။

ဘယ်လောက်လဲ … ဘယ်ထိလဲ…
ကိုယ်ကချစ်နေရတာ…မေးရန်လွယ်ပေးမယ့် အဖြေခက်..
သိသလို မသိသလိုပါပဲ
ပင်လယ်ဘယ်လောက်ကြီးကြီး … အိုင်ငယ်ဘယ်လောက်သေးသေး
ရေ.. ရေချင်းတော့တူ…အပိုတွေကို မဆိုတတ်ဘူး…
သာမန်လူတစ်ယောက်မို့လေ
တကယ်ပါ မေရယ် … ကိုယ် ကတော့ ချစ်တာတစ်ခုပဲသိတယ်

သီချင်းတစ်ပိုဒ်ဆုံးသွားလို့ ရှားကိုအသာငဲ့ကြည့်မိတော့ မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အရှေ့တည့်တည့်သာ စိုက်ကြည့်နေသည်။ ဒါပေမယ့်လည်း စိတ်လှုပ်ရှားနေသည်ကိုတော့ အချင်းချင်းကုတ်ဖဲ့နေတဲ့ လက်မလေးတွေက သက်သေပြနေသည်။

ဘယ်ကစလဲ … ဘယ်မှာဆုံးမလဲ…
ကိုယ်ကချစ်နေမိတာ…မေးရန်လွယ်ပေးမယ့် အဖြေခက်..
သိသလို မသိသလိုပါပဲ
နေရာဟာ မတည်ငြိမ်ခြင်း .. အချိန်ဆိုတာ မတည်မြဲခြင်းလို့
ယူ.. ယူဆကြရင်… အပိုတွေကို မဆိုတတ်ဘူး…
သာမန်လူတစ်ယောက်မို့လေ
တကယ်ပါ ကိုရယ် … မောင်ကတော့ ချစ်တာတစ်ခုပဲသိတယ်

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now