Part - 4(Unicode)

136K 11.7K 2.6K
                                    

“ ဒေါက်တာ့ကို ရွေးချယ်စရာ တစ်ခုပေးမယ်.. ကိုယ်ချီထားတာကို ငြိမ်ငြိမ်လေးလိုက်ခဲ့မလား … ကိုယ် ဒီနေရာပဲ ဒေါက်တာ့ကို နမ်းလိုက်ရမှာလား ”

ခိုက် ပြောလိုက်တော့ ရှားရဲ့လှုပ်ရှားမှုတို့ ချက်ချင်းရပ်တန့်သွားသည်။ ခိုက်ကို မကျေနပ်သလို တစ်ချက်မော့ကြည့်လာပြီး ခိုက်ရင်ခွင်ထဲ မျက်နှာအပ်လို့လာသည်။ သဘောကတော့ မလွဲသာလို့ သူငြိမ်လိုက်ရပါတယ် ဆိုတဲ့ပုံစံ။

ဘေးတစ်စောင်းမြင်နေရတဲ့ ပုံလေးကိုကြည့်ပြီး ခိုက် ခိုးရယ်လိုက်သည်။ နီရဲနေတဲ့ နားရွက်ဖျားလေးကြောင့်  ရှား ရှက်နေမှန်း ခိုက် သိပါသည်။ ရှား ရှက်နေတဲ့ပုံစံလေးကို ငုံ့ကြည့်နေရင်း ခိုက် အာခေါင်တွေ ခြောက်လာတာကြောင့် တံထွေးမြိုချလိုက်သည်။ ပြီးတော့ ခြေလှမ်းကျယ်ကြီးတွေလှမ်းပြီး အပေါ်ထပ်ကို ခပ်မြန်မြန်ပဲ တက်လာတော့သည်။

အပေါ်တက်သွားတဲ့ စုံတွဲကိုကြည့်ပြီး ရဲမှူးကြီးမှာ သက်ပြင်းတချချ ခေါင်းတခါခါနဲ့သာ ကျန်ခဲ့သည်။ အမှန်တရားက တကယ်ပြန်ပေးဆွဲ ခံထားရတယ် ဆိုရင်တောင် သတိုးရှန်ခိုက် လက်ထဲက ပြန်ယူဖို့ဆိုတာက လွယ်ကူတဲ့အလုပ်မှ မဟုတ်ပဲ။

ကောင်လေးအတွက် စိတ်မကောင်းဖြစ်မိပေမယ့် သတိုးရှန်ခိုက်က ထိုကောင်လေးကို နာကျင်အောင်လုပ်မှာ မဟုတ်ဘူးဆိုတာ စိတ်ထဲက ခံစားမိနေတာကြောင့် အခြေအနေစောင့်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။ သူထင်သလိုမဟုတ်ပဲ တကယ်သမီးရည်းစား စိတ်ကောက်နေကြတာလည်း ဖြစ်နိုင်တာပဲလေ။ အခုခေတ် ကာလသားပျိုများကို ဘယ်လိုမှပင် လိုက်လို့မမှီတော့။

မိုးထိဘွားက ရဲမှူးကြီးကို အိမ်တိုင်ရာရောက် လိုက်ပို့ပေးလိုက်ပြီး ဆယ်ပုံးထက်မနည်းသော ရေတွေလည်းလောင်းခဲ့သည်မို့ လတ်တလောတော့ နောက်ထပ်ပြန်ပေးဆွဲမှုနဲ့ ထပ်တိုင်ခံရလည်း ဘယ်သူမှစုံစမ်းဖို့ လာတော့မှာမဟုတ်။ ငွေကြေးနဲ့ပတ်သက်လာရင် အမြတ်မရရင် ဘာမှမလုပ်တဲ့ အစ်ကိုလေးက ဒီဒေါက်တာနဲ့ပတ်သက်ပြီး အကုန်အကျခံတာ သိပ်များလွန်းနေပြီလို့ သူ တွေးမိသည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now