Part - 21(Unicode)

112K 9.6K 1.8K
                                    

ရောင်နီအလင်းတို့ အစပျိုးကာ ဖြာကျနေပေမယ့်လည်း အိပ်ရာစောစောထတတ်တဲ့ သတိုးရှန်ခိုက်တစ်ယောက် အကျင့်ပျက်လို့နေသည်။ နိုးနေပေမယ့် မထသေးပဲ ရင်ခွင်ထဲက အနွေးလုံးလေးကို မြုပ်နေအောင် ဖက်ထားပြီး ဇိမ်ယူနေသည်။

မျက်ဝန်းတွေက မှိတ်ထားသော်ငြားလည်း နှုတ်ခမ်းထောင့်စွန်းတို့ကတော့ ကော့ညွတ်လို့နေသည်။ ရှားကတော့ ညက သူဖက်ထားတဲ့အတိုင်း သူ့ရင်ခွင်ထဲမှာ ငြိမ်သက်စွာ အိပ်မောကျနေသည်။

မိနစ်အချို့ကြာပြီးနောက်မှာတော့ ခိုက်က အိပ်ရာထက်ကို လက်ထောက်ထားရင်း သူ့ရဲ့အနာဂတ်လေးကို တစိမ့်စိမ့်ကြည့်နေပြန်သည်။ အတန်အသင့်ရှည်နေပြီဖြစ်တဲ့ ရှားရဲ့အရှေ့ဆံပင်တွေက မျက်ခုံးစပ်ကိုကျော်ပြီး မျက်လုံးဖုံးလုနီးပါးဖြစ်တာကြောင့် ခိုက် လက်နဲ့ဖွဖွလေး ဖယ်ပေးလိုက်သည်။

မျက်နှာနုနုလေးထက်မှာ မျက်တောင်ရှည်တို့က ယပ်တောင်သဖွယ် ဖြာကျလို့နေပြီး မျက်လုံးမှိတ်ထားတာကြောင့် မျက်ခွံလေးတွေက ဖောင်းအစ်လို့နေသည်။ ကြည့်နေရင်းက အသည်းယားလာတာကြောင့် နှာတံထိပ်ဖျားကမှဲ့နက်လေးကို လက်ညှိုးနဲ့ ဖွဖွလေးတို့ထိနေလိုက်သည်။

ခိုက်က တို့လိုက်ထိလိုက် လုပ်နေတာကြောင့် ကာလနဂါးလေးက တစ်ချက်လူးလွန့်လာပြီး နှာခေါင်းထက်က လက်ကိုဖယ်ချလာပြီး ကျောပေးကာ တစ်ဖက်လှည့်သွားသည်။ ပုစွန်လေးလိုကွေးသွားတဲ့ရှားကို ခိုက် သဘောတကျကြည့်ရင်း အနောက်ဘက်ကနေ သိမ်းကျုံးပြီးပွေ့ဖက်လိုက်သည်။

တီရှပ်ဝတ်ထားတာကြောင့် လစ်ဟာနေတဲ့ ဂုတ်သားဖွေးအိအိလေးကို နှုတ်ခမ်းနဲ့ စုပ်လိုက်နမ်းလိုက် လုပ်နေတာကြောင့် ရှားကကောင်းကောင်း ဆက်အိပ်လို့မရတော့။

" ခိုက်... ငါ အိပ်ချင်သေးတယ်.. "

" အင်း.. ဟင်... အိပ်လေ "

အနမ်းကိုမပြတ်စေဘဲ ခိုက်က ဩရှရှလေးသံနဲ့ ဖြေလာသည်။ ပြီးတော့ ရှားနားရွက်ဖျားလေးကို နှုတ်ခမ်းနဲ့ ဖွဖွလေးဖိကိုက်နေသည်။

" ခိုက် ... မလုပ်နဲ့လို့... တကယ်အိပ်ချင်သေးတာ "

ရှားက ခိုက်ဘက်ကိုပြန်လှည့်လာပြီး ခိုက်ရင်ခွင်ထဲ တိုးဝှေ့ရင်း မပီမသနဲ့ ပြောလာသည်။ ခေါင်းလေးက ရင်ခွင်ထဲမှာ ကြောင်ပေါက်လေးတစ်ကောင်လို လှုပ်စိလှုပ်စိနဲ့ ဖြစ်နေတာကြောင့် ခိုက်က ရှားဆံပင်တွေကို ဆွဲဖွလိုက်သည်။ ရှားကတော့ ဘာမှထပ်မပြောတော့ပဲ သူ့ရင်ခွင်ထဲမှာ ပြန်ငြိမ်ကျသွားသည်။ ဝင်သက်ထွက်သက်က ခိုက်ရဲ့ရင်ဘတ်ကို လာရိုက်ခတ်နေတာကြောင့် နှလုံးသားက နှစ်ဆပိုခုန်ရပြန်သည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now