Part - 17(Unicode)

94.5K 9.2K 944
                                    

“ မြတ် ”

“ မပိုး… ဒီကိုဘယ်လိုလုပ်.. ”

စာရေးကိရိယာတွေ ထည့်ထားတဲ့အိတ်နှစ်လုံးကို လက်တစ်ဖက်စီမှာ ဆွဲထားပြီး ခြံတံခါးအဝမှာ ရပ်နေတဲ့မပိုးက ရှားကိုတွေ့တော့ လှမ်းခေါ်တာကြောင့် ရှားလည်းအံ့ဩသွားသည်။ သော့ခလောက်ချိတ်ထားတဲ့ ခြံတံခါးကိုဖွင့်ပေးလိုက်ပြီး မပိုးလက်ထဲက အိတ်ကိုကူဆွဲပေးလိုက်သည်။

“ မြတ်က ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ ”

“ ဒါက ကျွန်တော်ငယ်ငယ်က နေခဲ့တဲ့နေရာလေ ”

“ အော် ”

မပိုးက မေးလိုက်ပြီးမှ ရှားအဖြေကြောင့် အားတုံ့အားနာဟန် ဖြစ်သွားသည့်အတွက် ရှားကပဲ ဘာမှမဖြစ်ကြောင်း ခေါင်းခါပြီး ပြုံးပြလိုက်သည်။

“ ကိုလင်းရော.. မပါဘူးလား ”

“ ပါတယ်.. သူ့ကားက ဒီလမ်းနဲ့ အောက်မလွတ်လို့တဲ့… လမ်းထိပ်ကပါကင်မှာ ကားရပ်ရင်းကျန်ခဲ့တယ်… အစ်မက မစောင့်နိုင်လို့ ကိုယ့်ဘာသာကိုယ် အရင်လျှောက်လာတာ…”

“ ပိုးကကွာ.. ကိုကို့တောင် မစောင့်ဘူး… ဟာ!! … မြတ် ”

မပိုးက သူ့ကိုရှင်းပြနေစဉ်မှာပဲ ကိုလင်းကလည်း အိတ်နှစ်လုံးဆွဲပြီး ခြံထဲဝင်လာသည်။ ရှားကိုတွေ့တော့ အံ့ဩသွားသည်ကြောင့် ရှား ရယ်ပြလိုက်သည်။

“ ဒါက ကျွန်တော်နေခဲ့တဲ့အိမ်လေး… ကိုလင်းနဲ့မပိုးက ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ… ဒီနေ့နှစ်ယောက်လုံး ဂျူတီရှိတယ် မဟုတ်ဘူးလား… ”

“ ခွင့်တင်လာတာ… ဒီနေ့က ငါတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း ခုနှစ်ပြည့်လေ… သိတယ်မလား … အာ့!! ပိုးရယ် နာတယ်လေကွာ.. ”

ဟိတ်ဟန်အပြည့်နဲ့ ထုတ်ကြွားနေတဲ့ကိုလင်းကို မပိုးက အားနေတဲ့လက်တစ်ဖက်နဲ့ ဗိုက်ခေါက်လိမ်ဆွဲလိုက်တာကြောင့် ရှား အသံထွက်တဲ့အထိ ရယ်နေမိသည်။

“ ရှား… ဘယ်သူ … ”

သုံးယောက်လုံး ရယ်မောနေရာက အိမ်ထဲကထွက်လာတဲ့သူကြောင့် အကြည့်တွေက ခိုက်ဆီပြိုင်တူ ရောက်သွားသည်။ ခိုက်ကရုတ်တရက်မို့ ကြောင်သွားပေမယ့် ချက်ချင်းပဲ သတိပြန်ကပ်လာပြီး ရှား အနားကိုလျှောက်လာသည်။ ပြီးတော့ သူ့ကိုဝိုင်းကြည့်နေတဲ့ လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ရှားဆီ အကြည့်ပို့လိုက်သည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now