Part - 2(Unicode)

170K 13.3K 3.2K
                                    

" ဒေါက်တာ.. ကိုယ့်ကို အခုလက်ထပ်မလား နောက်မှ လက်ထပ်မလား "

ခပ်ကြောင်ကြောင်ရွေးချယ်မှုတွေပဲ လုပ်ခိုင်းနေတဲ့ မျက်စိရှေ့ကသကောင့်သားကို ရှား ထရိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာသည်။ တစ်ကိုယ်လုံးကို ဖိပြီးချုပ်ထားတာကြောင့် လွတ်နေတဲ့ခေါင်းကိုသုံးပြီး ရှား သူ့မျက်နှာကို တိုက်ချလိုက်သည်။

" အာ့!!! ခင်ဗျား "

အရှိန်မများပေမယ့် မျှော်လင့်မထားတဲ့ တုံ့ပြန်မှုကြောင့် ခိုက် နှာခေါင်းကိုဆောင့်မိသွားသည်။ နာကျင်သွားတဲ့နှာခေါင်းကို လက်တစ်ဖက်နဲ့ဖိပြီး ပြန်ထလိုက်ချိန်မှာ ခိုက်ကို တွန်းဖယ်ပြီး ထွက်ပြေးဖို့ကြံနေတဲ့ ဒီခွေးဆိုးလေးကို ပညာပေးမှရတော့မည်။

" ခင်ဗျားကကြည့်ရတာ ခပ်ကြမ်းကြမ်းလုပ်ဆောင်မှုမျိုးကိုမှ သဘောကျတာထင်တယ် "

" မင်း မင်း ဘာလုပ်တာလဲ.. ငါ့ကို လွှတ်စမ်း .. လွှတ်လို့ပြောနေတယ်လေ "

ရှား ဘာပြောပြော ခိုက် ဂရုစိုက်တော့။ အစကတော့ ဒီလောက်ထိ လုပ်ဖို့စိတ်မကူးထားပေမယ့် ဒေါက်တာဉတုရှားမြတ်က ထိန်းချုပ်ရခက်သည်။ အမြဲလိုလိုပဲ ပုန်ကန်ချင်နေသည်။ အဆိုးဆုံးကတော့ သူ့အသားနာအောင် လုပ်လိုက်ခြင်းပင်ဖြစ်သည်။ သူ့အသားနာရင် နာအောင်လုပ်တဲ့လူကို နှစ်ဆပိုနာကျင်အောင် လုပ်တတ်တာက ခိုက်အကျင့်။

ဒေါက်တာရေ ခင်ဗျားဒေါသနဲ့ ခင်ဗျားပဲ

ခိုက် နက်ခ်တိုင်ကို ဆွဲချွတ်လိုက်ပြီး ပုန်ကန်နေတဲ့ခွေးပေါက်လေးရဲ့ ဖမ်းချုပ်ပြီး ကုတင်ခေါင်းရင်းမှာ ပူးချည်ထားလိုက်သည်။ ပြီးတော့ သူ့ရဲ့အပေါ်ကုတ်ကိုချွတ်ပြီး အဝေးကိုလွှင့်ပစ်လိုက်သည်။ ဒါတွေက သိပ်မကြာခင်မှာ မလိုအပ်တော့မယ့် အသုံးအဆောင်တွေမလား။ အပေါ်ပိုင်းအဝတ်ဗလာကျင်း ဖြစ်သွားတဲ့အထိ ချုပ်နှောင်ခံထားရတဲ့ ပုန်ကန်သူကတော့ သောင်းကျန်းနေဆဲ။

" လူယုတ်မာ မင်း ဘာလုပ်မလို့ ကြံနေတာလဲ "

" ဒီအခြေအနေက ဘာလုပ်ဖို့ ကြံနေတာဖြစ်နိုင်မလဲ.. ဒေါက်တာရှား "

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now