Thanks! my ones 💛 (Z)

22.7K 1.2K 55
                                    

နောက်ဆုံးတော့ ကျေးဇူးတင်စကားပြောဖို့ အချိန်ကို ရောက်လာခဲ့ပြီပေါ့နော်

ပထမဆုံးအနေနဲ့ Part -1 ကနေ Finale အထိ တောက်လျှောက် ongoing လိုက်ပေးခဲ့တဲ့ One ရဲ့ my ones တို့ကို ကျေးဇူးအများကြီးတင်ကြောင်း ပြောချင်ပါတယ်
My ones တို့ရဲ့ vote တွေ ment တွေကြောင့် အခက်အခဲတွေ ရှိနေခဲ့တာတောင် ရှေ့ဆက်ဖို့ အားအင်တွေရခဲ့တာပါ

ဒါက One ရဲ့ပထမဆုံးဖန်တီးမှုလို့ ပြောလို့ရပါတယ်...

လွန်ခဲ့တဲ့နှစ်နှစ်လောက်က နည်းနည်းပါးပါးရေးဖူးပေမယ့် One ဘက်က အချိန်မပေးနိုင်လို့ ဆက်မရေးဖြစ်ခဲ့ဘူး

အခုလည်း အချိန်ပေးနိုင်တာတော့ မဟုတ်ပေမယ့် One တစ်ယောက်တည်း လေလွင့်နေတဲ့အချိန်မှာ ကိုကိုလေးခိုက်တို့က One ကို ကမ္ဘာတစ်ခု ဖန်တီးပေးခဲ့တယ်
တကယ်တော့ One က ကိုကိုလေးတို့ကို ဖန်တီးခဲ့တာ မဟုတ်ပဲ ကိုကိုလေးတို့က One ကို ရှင်သန်ခွင့်ပေးခဲ့တာပါ

ရေးဖို့စဉ်းစားမိတဲ့အချိန်မှာ ဇာတ်ကောင်နာမည်နဲ့ ဇာတ်လမ်းနာမည်ပဲ ခေါင်းထဲမှာရှိခဲ့တာ။ ဇာတ်လမ်းလည်းမရှိသလို ဇာတ်ကွက်လည်းတွေးထားတာမရှိဘူး။
ကိုယ့်အကြောင်းလည်း ကိုယ်သိနေတော့ အပိုင်းတိုလေး (၁၀) ပိုင်းလောက်ပဲရေးမယ်ဆိုပြီး တွေးထားခဲ့တာပါ

စတွေးမိတဲ့ ဇာတ်လမ်းက fic name အတိုင်းပဲ step-mom ကို နည်းနည်းပါးပါး ကလိဖို့လောက်ပဲ တွေးထားတာ ဒါပေမဲ့ Part - 2 ကို ရေးပြီးတဲ့အချိန်မှာ One ဘက်က ဇာတ်ကောင်တွေကို လောဘတက်မိလာတယ်
အဲ့ဒါကြောင့်ပဲ ဇာတ်လမ်းကိုတစ်မျိုးပြောင်းပြီး စကားတတ်တဲ့ကပြားလေးရဲ့ ချစ်တတ်မှုတွေကို ချပြခဲ့တယ်

ကြိုပြီးတွေးထားခြင်းမရှိတဲ့ ဇာတ်လမ်းက အစပိုင်းမှာ အဆင်ပြေနေပေမယ့် ဇာတ်ကွက်တွေကို ပြန်ဖြည်ရမယ့်အချိန်မှာ One အတွက် stress တွေ tension တွေ အရမ်းများလာတယ်။

တကယ်တော့ ကိုယ်တွေးထားတာက ရှမေဉ်ဇူ ပြောပြလို့ ရှားက သိသွားရင် ခိုက်နဲ့ အဝေးကိုထွက်သွားမယ်ပေါ့.. ။ ဒါပေမဲ့ အဲ့ထက်ပိုကောင်းတဲ့ ဇာတ်ကွက်မျိုး ရေးနိုင်ရင် ဇာတ်လမ်းလေးများ ပိုကြွလာမလားဆိုပြီး တွေးမိသွားတယ်..။ ဒါပေမဲ့ ဘယ်လိုရေးရမလဲဆိုတာ လုံးဝစဉ်းစားလို့မရဘူး ။ အဲ့ဒါကြောင့်လည်း my ones တို့ဆီက response တွေကို တောင်းဆိုမိခဲ့တယ်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now