Part - 13(Zawgyi)

13.8K 1.5K 51
                                    

" ခိုက်.. မပြီးသေးဘူးလား "

အခန်းအပြင်ကနေ တံခါးကို အဆက်မပြတ် ခေါက်နေတဲ့ရှားကြောင့် ခိုက် ပုဆိုးကိုကုတင်ပေါ် ပြန်တင်ထားပြီး အခန်းတံခါး ဖွင့်ပေးလိုက်သည်။

" ဟာ မင်း ဘယ်လိုကြီး ထွက်လာတာလဲ မပြီးသေးရင်လည်း မပြီးသေးဘူးပြောပေါ့ "

ခိုက်ကိုမြင်တော့ နောက်လှည့်သွားရင်း ကျောပေးပြီး ပြောနေတဲ့ရှားကြောင့် ခိုက် ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည်။ သူ classic fit boxer ကို ဝတ်ထားပြီး နံ့သာရောင်မှာ အစင်းနုပ်နုပ်လေးတွေပါတဲ့ ရှပ်အင်္ကျီလက်ရှည်ကို ရင်ဘတ်နားထိပဲ ကြယ်သီးတပ်ရသေးတယ် ဆိုပေမယ့်လည်း အရမ်းကြီးတော့ ဖရိုဖရဲဖြစ်မနေဘူးလို့ ထင်တာပဲ။

" ဘာဖြစ်လို့လဲ ရှားရဲ့ .. ကိုယ် boxer တော့ ဝတ်ထားပါတယ်.. "

" ဝတ်ထားတယ် ဆိုပေမယ့်လည်း ဘာပဲဖြစ်ဖြစ်လေ.. ဒီလိုမျိုးတော့ ထွက်မလာနဲ့ပေါ့ "

နောက်ကျောပေးထားရင်းသာ ပြောနေသည်ကြောင့် ဖြီးသင်ထားတဲ့ ဆံပင်စပ်တွေနဲ့ အကာအကွယ် လွတ်နေတဲ့နားရွက် အနောက်ဘက်နေရာလေးက ရဲလို့နေသည်။ ရှပ်အင်္ကျီဝတ်ထားသည်မို့ မပေါ်တပေါ်ဖြစ်နေတဲ့ ဂုတ်သားလေးတွေက မြတ်မြတ်နိုးနိုး နမ်းရှိုက်ချင်စရာ။ ခိုက် ရှားအနောက်ဘက်ကို ဖြည်းဖြည်းချင်းကပ်သွားပြီး နီရဲနေတဲ့နားရွက်လေးနား အသာတိုးကပ်သွားရင်း

" ရှက်နေတာလား ရှား .."

" ဘယ်သူက .. ရှက် .. အင့်!! "

ရှက်နေလားလို့ မေးလိုက်တာကြောင့် ရန်ပြန်တွေ့ဖို့ လှည့်လာတဲ့ရှားနှုတ်ခမ်းလေးနဲ့ ခိုက်နှာခေါင်းဖျားတို့က ထိလုမတတ်ဖြစ်သွားသည်။

" ဝေးဝေးမှာနေစမ်း.. မပြောမဆိုနဲ့ ငါ့အနားကို ကပ်မလာနဲ့ "

ရှားကကိုယ်ကို အနောက်ပြန်ဆုတ်ရင်း ခိုက် ရင်ဘတ်ကိုလည်း လက်နဲ့တွန်းထုတ်လာသည်။ ခိုက်က ပြုံးစစမျက်နှာပေးနဲ့သာ ရှားကို စိုက်ကြည့်နေသည်။ အနည်းငယ် စိတ်အလိုမကျစ,ပြုနေပြီဖြစ်တဲ့ ဒေါက်တာလေးကြောင့် ခိုက် ဆက်မစ,တော့ပဲ စကားလမ်းကြောင်းလွှဲလိုက်သည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now