Part - 3(Unicode)

143K 12.6K 2.6K
                                    

တီ! တီ! တီ!

ဒုတိယအကြိမ်မြောက် ဖုန်းမြည်သံအပြီးမှာ ခိုက် နိုးလာသည်။ မနက်ခင်းရဲ့နေရောင်ခြည်က ခန်းစည်းလိုက်ကာကို ပါးပါးလေးထိုးဖောက်ပြီး အခန်းထဲဖြာကျနေသည်။ ခိုက်ရဲ့လက်မောင်းတစ်ဖက်က သိသိသာသာကိုပဲ ထုံကျင်နေတာကြောင့် မျက်လုံးမှိတ်ထားရာက ဘေးလှည့်ကြည့်မိတော့ သူ့လက်မောင်းကိုခေါင်းအုံးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ပုန်ကန်သောင်းကျန်သူလေး ဒေါက်တာဉတုရှားမြတ်။

အမြဲလိုလို သောင်းကျန်းနေတဲ့ဒီလူက အိပ်နေတဲ့အချိန်မှာတော့ တကယ်ကိုပဲ ငြိမ်သက်လွန်းသည်။ ညက ခိုက်ရင်ခွင်ထဲ ထည့်အိပ်ထားတဲ့အတိုင်း ပုံစံမပျက်။ ခိုက်ဘက်ကို စောင်းအိပ်နေတာကြောင့် လက်မောင်းနဲ့ဖိမိနေတဲ့ ပါးမို့မို့လေးကလည်း အစ်ထွက်နေပြီး နှုတ်ခမ်းဖူးဖူးလေးကလည်း အရှေ့ကိုစူထော်လို့နေသည်။ ညအိပ်ဝတ်စုံရဲ့လည်ပင်းပေါက်က ကျယ်ပြီးပခုံးစွန်းနားထိ ချောင်ကျနေတာကြောင့် ညှပ်ရိုးနဲ့လည်ပင်းတစ်လျှောက်က အနီရောင်ကိုလွန်ပြီး ခရမ်းရောင်ဘက် သန်းနေတဲ့အမှတ်အသားတို့က အထင်းသားမြင်နေရသည်။

Sh*t !!! …. Fu*k!!!

ကြည့်မိရုံလေးနဲ့ကိုပဲ သူ့ညီလေးက ဆာလောင်လာတာကြောင့် ခိုက် အသံတိတ်ဆဲလိုက်သည်။  ရှားရဲ့ခေါင်းကို ဖြည်းဖြည်းလေးမ,လိုက်ပြီး ခေါင်းအုံးထက်ချလိုက်ကာ သူကတော့ အသာလေးထ,သွားသည်။ ညကဆေးအရှိန်နဲ့ကြောင့်သာ ယုန်ဆိုးလေးက မတွန်းလှန်နိုင်တာြဖစ်သည်။ အခုချိန်သာ သွား,စမိရင်း လက်စတုံးခံရမှာက နှာခေါင်းမဟုတ်ပဲ သူ့ညီလေးဖြစ်နေနိုင်သည်။ ဒီယုန်ဆိုးလေးက မမျှော်လင့်ထားတာတွေ ထ,လုပ်တတ်တယ်မလား။

ခိုက် လျော့ရဲနေတဲ့ bathrode ကြိုးကို ပြန်ချည်လိုက်ရင်း ဖုန်းကိုလည်း ရေချိုးခန်းထဲ ယူလာသည်။ ဖုန်းသံကကြောင် ရှားနိုးသွားရင် သူ စောစောစီးစီး ထိန်းသိမ်းနေရမှာ စိုးတာကြောင့်။ ရေချိုးခန်းထဲဝင်ပြီး bathtube ထဲ ရေစိမ်နေရင်း ခေါ်ထားတဲ့ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ မိုးထိဘွားဆီက ဖြစ်နေသည်။ သူ့ကို ဘယ်အချိန်ပြန်လာရမလဲ မေးဖို့ဖြစ်ပါလိမ့်မည်။ ခေါ်ထားတဲ့နံပါတ်ကို နှိပ်ပြီး ပြန်ခေါ်လိုက်တော့

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now